MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ခရစ်ယာန်တို့အားတက်ပြီ
ခရစ်ယာန်တို့ကလည်း ရန်ကုန်, မန္တလေး, မော်လမြိုင်, မေမြို့, တောင်ငူစသော မြို့များရှိ
ဂိုဏ်းအုပ်ဂိုဏ်းချုပ်များထံသို့ စာရေး၍၄င်း, လူကိုယ်တိုင်သွားရောက်၍၄င်း, အကျိုးအကြောင်း ရှင်းပြ၍
ဆွေးနွေးကြသည်။ ခရစ်ယာန်ဂိုဏ်းများကလည်း အချင်းချင်း ဆွေးနွေး၍ ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်ကို
ရွေးချယ်ပေးကြသည်။ အဓိကယှဉ်ပြိုင်ရမည့် ပုဂ္ဂိုလ်များအပြင် အထောက်အကူပြု ပုဂ္ဂိုလ်များ အရံလိုက်ပါမည့်ပုဂ္ဂိုလ်များကိုပါ ရွေးချယ်ပေးသည့်အပြင် ငွေကြေးများပါ ၀ိုင်းဝန်းကူညီ၍ ထောက်ပံ့ကြသည်။ ထို့ကြောင့်ဓမ္မဆရာဦးရွှေအောင်နှင့် ခရစ်ယာန်အုပ်စုမှာကျိန်း သေနိုင်ပြီဟုတွက်ဆကာ ပျော်တပြုံးပြုံး မော်မဆုံးနိုင်အောင် ဖြစ်နေကြသည်။ မိမိတို့တာဝန်ယူထားရသည့် မဏ္ဍပ်အစိပ်အပိုင်းကို အစွမ်းကုန်မွမ်းမံချယ်လှယ်နေကြသည်။
ခရစ်ယာန်တို့ဘက်မှ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်များစာရင်းတွင် ဦးရွှေမှန်, ဦးသာဒင်(ရန်ကုန်),
ဦးသာဒင်(မန္တလေး)တို့၏ အမည်များမှာ ထိပ်ဆုံးမှ ပေါ်ထွက်လာ၏။ ဦးရွှေမှန်သည် အင်းစိန် စာသင်ကျောင်း၊ကျောင်းအုပ်ဆရာကြီးဖြစ်၏၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အဖွဲ့ချုပ်ကြီး၏ နာယကကြီးလည်း ဖြစ်၏။ ပါဠိပိဋကတ်အရာတွင် ပထမကျော်အောင်ခဲ့သည့် ဘုန်းကြီးလူထွက်ဖြစ်၏။ ဗုဒ္ဓဘာသာမှခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာခဲ့သူဖြစ်၏၊ ဦးသာဒင် နှစ်ဦးလုံးမှာလည်း ထိုခေတ်က ပထမကြီးတန်းအောင်မြင်ခဲ့သော စာချဘုန်းကြီးလူထွက်များ ဖြစ်ကြ၏။ ပိဋကတ်ကို ထုံးလိုချေ ရေလိုနောက်၍မွှေနိုင်သူများဟု နာမည်ကျော်နေသူများ ဖြစ်ကြ၏။ ဦးရွှေမှန်နည်းတူ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းခဲ့သူများ ဖြစ်၍ အဟောအပြော အလွန်ပင်ကောင်းသည့် ခရစ်ယာန်ဓမ္မဆရာကြီးများဖြစ်ကြသည်။
ဤပုဂ္ဂိုလ်ကြီး သုံးဦးသည် ဗုဒ္ဓဘာသာကို ယှဉ်ပြိုင်ချေဖျက်ရာ၌ စံပြစရာအကောင်းဆုံး ပုဂ္ဂိုလ်
ကြီးများပင်ဖြစ်သည်။ အင်္ဂလိပ်စာပေနှင့် သမ္မာကျမ်းစာများကိုပါ ကျွမ်းကျင်ကြသဖြင့် ဗုဒ္ဓဘာသာနှင့်
ခရစ်ယာန်ဘာသာတို့ကို ကျွန်းကျင်သည့် ပုဂ္ဂိုလ်များဖြစ်သောကြောင့် မိမိတို့ ကျိန်းသေ အောင်ပွဲဆင်ရမည်ဟုဓမ္မဆရာဦးရွှေအောင်တို့ဘက်မှ ဟိန်းဟောက်ထားသည်မှာ ဟိန်းဟောက်လောက်ပါပေ၏။

ဂိုဏ်းချုပ်ဆရာတော်ကြီး၏ သောက
ဂိုဏ်းချုပ်ဆရာတော်ကြီးကား ဆွမ်းဘုဉ်းမပေးနိုင်သည်အထိ ဗုဒ္ဓသာသနာတော်အတွက်
စိတ်ထိခိုက်နေလေသည်။ ဗုဒ္ဓသာသနာတော်သည် စစ်မှန်သောဝါဒဖြစ်ပါလျှက် ယှဉ်ပြိုင်ဟောပြောမည့်သူ
မရှိသောကြောင့်သာ အရေးနိမ့်ရလျှင် သာသနာတော်၌ အသက်ရှင်လျှက် နေဖို့ပင်မကောင်းတော့၊
သေသော်မတည့် အော်… ကောင်း၏ဟူသော အဆင့်မျိုးသို့ ဆိုက်ရောက်နေချေပြီဟု တွေးတောကာ စိတ်မောနေရလေသဖြင့် အဟာရကိုပင် ကောင်းစွာ မဘုဉ်းပေးနိုင်တော့ချေ။ ပြိုင်ပွဲသတင်းကား မြန်မာပြည်
အလယ်ပိုင်းတစ်ဝိုက်နှင့် မြစ်ဝကျွန်းပေါ် ဟင်္သာတ, မြန်အောင်, ကြံခင်း, ကနောင်ဘက်အထိ ပြန့်နှံ့၍ နေသည်။ပြိုင်ပွဲရက်ကလည်း တစ်နေ့ထက်တစ်နေ့ နီးကပ်၍ နေချေပြီ။



...............
အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင်
တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။
ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့
အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန်
ရည်ရယ်ပါသည။်
-----------------------ပညာသဘာ အာဘာ နတ္ထိ------------------------
ရှေ့ဆက်ရန်........>>>

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 11 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု