MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ထို့နောက် ကျောက်ကွင်းရွာမှာ ဓမ္မဆရာဦးရွှေအောင်ရေးသားသော ဗုဒ္ဓဘာသာစစ်တမ်းဟူသော

စာအုပ်ကလေးကို ဆက်ကပ်ကြသည်။
ထိုနေ့ညနေဘက်တွင် ခရစ်ယာန်ဓမ္မဆရာခေါင်းဆောင်များ လာရောက်၍ ဆရာတော်ကို
နှုတ်ဆက်သည်။ သူတို့သည် သာယာဝတီ ဦးဥေယျကို တွေ့ရမည်ဟု ထင်မှတ်ထား ကြရာ ယခုမူ
တောင်တွင်းဆရာတော် အရှင်ဥက္ကဋ္ဌကို တွေ့ကြရသောအခါ အလွန်ပင် အံ့အား သင့်နေကြလေသည်။
သို့သော် သူတို့သည် တိုးတက်ရေး မဂ္ဂဇင်းတွင် ဆရာတော်၏ ဆောင်းပါးများကို ဖတ်ဖူးကြသည်။
လူချင်းတစ်ကြိမ်မျှပင် မတွေ့ဖူးကြပေ။စကားအနည်းငယ်ပြောဆိုကြပြီးနောက် ဟောပြောပွဲအတွက် သဘောတူညီချက်များ ရေးဆွဲရန်လျှောက်ထားရာ ဆရာတော်အရှင်ဥက္ကဋ္ဌက ခရစ်ယာန်ခေါင်းဆောင်များ ကြိုက်နှစ် သက်သလို ရေးဆွဲရန်လွှဲအပ်လိုက်သည်၊ ခရစ်ယာန်ခေါင်းဆောင်တို့က အောက်ပါစည်းမျဉ်းများကို ရေးဆွဲတင်ပြကြသည်။


ဟောပြောပွဲ လိုက်နာရာစည်းမျဉ်း
(၁) နံနက်(၇)နာရီတွင် ယှဉ်ပြိုင်ဟောပြောပွဲကို စတင်ဖွင့်လှစ်ရန်။
(၂) သဘာပတိအဖြင့် ခရစ်ယာန်တို့ဘက်မှတစ်ဦး ဗုဒ္ဓဘာသာဘက်မှတစ်ဦး နှစ်ဦးတင်ရန်။
(၃) (၇)နာရီမှ (၇း၁၅)နာရီအထိ ခရစ်ယာန်သဘာပတိက မိန့်ခွန်းပြောရန် (၁၅)မိနစ်။
(၄) (၇း၁၅) မှ (၇း၃၀)အထိ ဗုဒ္ဓဘာသာဝင် သဘာပတိက မိန့်ခွန်းပြောရန်(၁၅)မိနစ်။
(၅) (၇း၃၀)မှ (၈း၁၅)မိနစအ် ထိ ခရစ်ယာန်တ့ဘို က်မှ ဗုဒ္ဓဘာသာကို ဝေဖန်ဟောပြောရန် (၄၅)မိနစ်။
(၆) (၈း၁၅)မှ (၉)အထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ဟောပြောရန် (၄၅)မိနစ်။
(၇) (၉)နာရီမှ(၁၂)နာရီအထိ ဟောပြောပွဲကြီးကို ရပ်နားထားရန်။
(၈) နေ့လည်(၁၂)နာရီတွင်ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။
(၉) (၁၂)နာရီမှ နေ့ (၂)နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ဟောပြောရန်အချိန်(၂)နာရီ။
(၁၀) နေ့(၂)နာရီမှ ညနေ(၄)နာရီအထိ ခရစ်ယာန်ဘက်မှ ဝေဖန်ဟောပြောရန်။
(၁၁) ညနေ(၄)နာရီတွင် နှစ်ဘက်သော သဘာပတိများ လက်မှတ်ရေးထိုးထားသောဟော ပြောပွဲ
ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီးပြီးဆုံးကြောင်းကြေညာရန်။
ဆရာတော်အရှင်ဥက္ကဋ္ဌက သဘောတူလက်ခံ၍ လက်မှတ်ရေးထိုးပေးလိုက်သည်။ ညနေဘက်တွင် ပြည်၊
ပေါင်းတည်၊ ရွှေတောင်စသည့် အရပ်ဒေသများမှ သံဃာတော်အချို့ လှည်းများနှင့် ရောက်လာကြသည်။
ထိုအထဲတွင် တောင်ငူမြို့၊ လောကုတ္တရာသိမ်ကုန်းဆရာတော် အရှင်ကုဏ္ဍလလည်း ပါလာလေသည်။
အလိုတော်ရဂိုဏ်းသံဃာတော်များနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီးကပါ သဘောတူနှစ်သက်ကြသဖြင့်
ဟောပြောပွဲကြီးတွင် ဗုဒ္ဓဘာသာဝင်တို့ဘက်မှ သဘာပတိလုပ်ရန် တောင်ငူဆရာတော်အား
ရွေးချယ်လိုက်ကြသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် နက်ဖြန်ပွဲ သဘာပတိမိန့်ခွန်း (၁၅)မိနစ် စာကို
လောကုတ္တရာဆရာတော်နှင့် တိုင်ပင်ဆွေးနွေး၍ အစီအစဉ်ပြုလုပ်နေကြသည်။
မဏ္ဍပ်ကြီး၏ ပတ်ဝန်းကျင် ခပ်လှမ်းလှမ်းတွင်ကား နက်ဖြန်ပွဲကြီးအတွက် ရောင်းချရန်
စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များ၊ ဈေးဆိုင်များဖြင့် စည်ကားနေလေသည်။ ခရစ်ယာန်ဆရာကြီးများကလည်း ဓမ္မဆရာဦးရွှေအောင်၏ နေအိမ်တွင် ဗုဒ္ဓဘာသာကို ဆော်နှက်ရန် ဗုဒ္ဓ၀င်နှင့် ဗုဒ္ဓကျမ်းစာ အချို့မှအချက်အလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုတ်နှုတ် မှတ်သားချက်များကို ရေးကူးနေကြသည်။
အထူးသဖြင့် “လောကမျက်မှန်” စာစောင်တွင် ပါရှိသော ဆရာတော်ဦးဥေယျ၏ ရေးသားချက်များကို
အဓိကထား၍ ထိုးနှက်ကြရန် မှတ်သားနေကြသည်။ အရှင်ဥက္ကဋ္ဌသည် ဦးဥေယျကဲ့သို့ ပြောဆိုလိမ့်မည်ဟု
ယူဆနေကြဟန်ရှိသည်။ ဤအတိုင်းဆိုလျှင် သူတို့ဘက်က နိုင်ဘို့သေချာပြီ။ ဤသို့ တွက်ဆ၍ ပြောနေရာ
ခရစ်ယာန်ပရိသတ်များမှာ အလွန်တက်ကြွနေ ကြလေသည်။
အရှင်ဥက္ကဋ္ဌ၏ အကြောင်းနှင့် အရည်အချင်းတို့ကို တိတိကျကျ မသိရှိကြဘဲ အထင်အမြင
သေးနေခြင်းသည် သူတို့အဖို့ နောက်တစ်နေ့တွင် မဟာအမှားကြီးဖြစ်ကြောင်း တွေ့မြင်ကြရပေတော့မည်။


...............
အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင် တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။ ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့ အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန် ရည်ရယ်ပါသည။် -----------------------ပညာသဘာ အာဘာ နတ္ထိ------------------------ 
..........ရှေ့ဆက်ရန်........>>>

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday 14 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု