MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဝါဒပြိုင်ပွဲကြီး

ဤနေ့ကား မြန်မာနိင်ငံ ဗုဒ္ဓသာသနာသမိုင်းတွင် မွန်ကွန်းတင်ရမည့်နေ့ဖြစ်သည်။ ခရစ်ယာန်တို့၏
ဖန်ရှင်းဆင် ဣဿရနိမ္မာန၀ါဒနှင့် ဗုဒ္ဓမြတ်စွာ၏ အနတ္တ၀ါဒတို့ ယှဉ်ပြိုင်ကြမည့် နေ့ကြီး ဖြစ်သည်။
ထောင်သောင်းမကသော ပရိသတ်ကြီး၏ ရှေ့မှောက်တွင် တရားဝင် ယှဉ်ပြိုင် ဟောပြောကြခြင်းဖြစ်၏။
တစ်ဘက်နှင့်တစ်ဘက် ပဋိပက္ခ မဖြစ်ကြဘဲ ပျော်ပျာ်ပါးပါးကြီး ယဥှြ်ပိုင် ဟောပြောကြရာ ဤပြိုင်ပွဲမျိုးကားမြန်မာနိုင်ငံသမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသည့် ပထမနှင့်နောက်ဆုံး
ယှဉ်ပြိုင်ဟောပြောပွဲကြီးဖြစ်သည်။

ပရိသတ် တစ်သောင်းကျော်
ထိုနေ့ အရုဏ်တက်ချိန်မှစ၍ ကျောက်ကွင်းရွာ ပတ်ဝန်းကျင်ရှိ ရွာများမှ ကျောက်ကွင်း မဏ္ဍပ်ကြီးဆီသို့
ဦးတည်၍ လာနေကြသော လှည်းသံ, လူသံတို့မှာ ဆူညံ၍ နေကြသည်။ ၀က်ထီးကန်မြို့မှ ခြေလျှင်
လာကြသော လူတန်းကြီးမှာလည်း အဆက်မပြတ် ဖြစ်နေကြသည်။ နံနက(် ၅)နာရီခွဲ အချိန်တွင်
မဏ္ဍပ်ကြီးတစ်လုံး ပြည့်သွားလေသည်။ နောက်ထပ်ရောက်လာကြသောလှည်းများနှင့် လူများမှာ
မဏ္ဍပ်အပြင်ဘက် ပတ်ဝန်းကျင်တွင် နေရာယူကြရသည်။ အချို့မှာ ထိုင်ဖို့ပင် နေရာမရ၍
မတ်တပ်ရပ်နေကြရလေသည်။ ရွှေတောင်၊ ပြည်၊ပေါင်းတည်၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ မြန်အောင်၊
ဟင်္သာတစသော ရပ်ဝေးဒေသမှ လူများပါ လာရောက်ကြသဖြင့် ပရိသတ် တစ်သောင်းကျော်ရှိမည်ဟု
ခန့်မှန်းရလေသည်။သံဃာစဉ်ပေါ်တွင်လည်း အာဂန္တုက ရဟန်းများနှင့် အလိုတော်ရဂိုဏ်းဝင် သံဃာတော်များပါနောက်ထပ် ရောက်ရှိလာကြသဖြင့် စုစုပေါင်း သံဃာတော် နှစ်ရာကျော်ဖြစ်သွားသည်။ ရန်ကုန်မှညွန်ကြားချက်အရ ပြည်မြို့မှ ရာဇ၀တ်ဝန်ကြီး ဦကြင်, တရားသူကြီးနှင့် ပုလိပ်များသည်လည်း လာရောက်၍စောင့်ရှောင့် ပေးနေကြသည်။ မဏ္ဍပ်အနီးတွင်ယာယီစခန်းဖွင့်၍ အရာရှိများကပါ စောင့်ရှောက်ပေးနေကြသည်။

ပြိုင်ပွဲကြီးစပြီ
(၇)နာရီထိုးရန် ငါးမိနစ်အလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစဉ်၏အရှေ့ မဏ္ဍပ်အတွင်
မြေပြင်ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ သွားရောက်ပြီး စီ၍ ထိုင် နေကြသည်။ ဗုဒ္ဓဘာသာအဖွဲ့ဝင်များကလည်း မြောက်ဘက်ခြမ်းရှိ သံဃာစဉ်ရှေ့ မြေပေါ်တွင် တန်းစီခင်းထားသည့် ကုလားထိုင်များပေါ်သို့ သွားရောက်ထိုင်ကြသည်။ သဘာပတိများအတွက် နေရာကို နှစ်ဘက်ခေါင်းဆောင်များ၏အတန်းအလယ်တွင် စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက် တစ်ချက်တွင် ကုလားထိုင်တစ်လုံးစီချထားလေသည်။
သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခု ချထား၍ ခုံမြင့်၏ရှေ့တွင် စာပွဲတစ်လုံးရှိသည်
စားပွဲပေါ်တွင် ရေချိုင့်၊ ဖလ်ခွက်နှင့် စားပွဲတင်နာရီတစ်လုံးကို တင်ထားသည်၊ သဘာပတိ၏
စားပွဲပေါ်တွင်လည်း ရေချိုင့်နှင့်နာရီတစ်လုံးစီ ရှိသည်။
(၇)နာရီတိတိအချိန်တွင် ခရစ်ယာန်သဘာပတိ ဦးရွှေမှန်နှင့် ဗုဒ္ဓဘာသာသဘာပတိ ဆရာတော်ဦးကုဏ္ဍလ
တို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်ကြသည်။ ဦးရွှေမှန်က ၀ါဒယှဉ်ပြိုင်
ဟောပြောပွဲဖွင့်လှစ်ကြောင်း ကြေညာ၍ သဘာပတိမိန့်ခွန်းကို စတင်ပြောကြားသည်။


ဦးရွှေမှန်သဘာပတိမိန့်ခွန်း
ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့ခင်ဗျား။ အားလုံးဟာ
ဒီနေ့ဒီနေရာမှာ ဘုရားသခင်အလိုတော်အရ လာရောက်စုဝေးနေကြရပါသည်။ အများသိကြတဲ့အတိုင်း ဒီပွဲဟာဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ ဘယ်ဟာက ကောင်းတယ်၊ မှန်တယ်ဆိုတာကို ယှဉ်ပြိုင်ဟောပြောကြမှာဖြစ်ပါတယ်၊ အဒဲီလို ဟောပြောတအဲ့ ခါမှာ တစ်ဖက်ဘာသာက တစ်ဖက်ဘာသာရဲ့ ချို့ ယွင်းချက်ကကိုထုတ်ဖေါ်ပြီး ပြောရပါလိမ့်မည်၊ ဝေဖန်ရပါလိမ့်မည်။ တစ်ဖက်နှင့်တစ်ဖက် အနိုင်ပြောကြရမှာဆိုတော့တစ်ခါတစ်ရံ ပြင်းထန်တာ ပါခြင် ပါသွားပါလိမ့်မယ်။ အဲဒါကို ကြိုတင်ပြီး သိထားပါမှ နားထောင်တဲ့ ပရိသတ်ကခွင့်လွတ်နိင်ကြမှာပါ။ နှစ်ဘက် ဟောပြောမယ့် ပုဂ္ဂိုလ်များကလည်း ယဉ်ယဉ်ကျေးကျေး ပြောကြပါလိမ့်မယ်။

တစဉ်ီးနှင့်တစဉ်ီး မုန်းတီးနေကြတဲ့သူတွေ မဟုတတ် အဲ့ တွက် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ကြမှာမဟုတ်ပါဘူး။ ၀ါဒရေး၊ဘာသာရေးများကိုသာ ပြောကြမှာပါ။ အထူးသဖြင့် ခရစ်ယာန် ပရိသတ်များကို ပြောလိုပါတယ်။
ခရစ်တော် ဟာ အလွန်ယဉ်ကျေးသိမ်မွေ့ပြီးတော့ သူရဲ့တရားတော်ဟာ သူ့ကို ကားစင်တင်ပြီး
သတ်တဲ့သူတွေကို တောင်မှ ခွင့်လွတ်တော်မူခဲ့ပါတယ်။ အဲဒီရေရှုခရစ်တော်ရဲ့ ဖြစ်ရပ်ကို စံနမူနာထားပြီး
ယဉ်ကျေးကြပါ။ သည်းခံကြပါ၊ မခံချင်စိတ်၊ ဒေါသစိတ် မထားကြပါနဲ့။ ဒါမှလည်း ခရစ်ယာန်ကောင်း
ပီသပါတယ်။ တစ်ဘက်ပုဂ္ဂိုလ်က ဟောတာကို ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်ဘာသာဝင်တွေကပါ
အေးအေးဆေးဆေး လေးလေးစားစား နားထောင်ကြဖို့ မေတ္တာရပ်ခံပါတယ်၊ ထာဝရဘုရားနှင့်
ရေရှုခရစ်တော်၏ မေတ္တာသည် အားလုံးအပေါ် လွမ်းခြုံကြရောက်ပါစေ…. စသည်ဖြင့် ဦးရွှေမှန်က
သဘာပတိမိန့်ခွန်းကို ပြောကြားသည်။

...............
အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင် တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။ ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့ အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန် ရည်ရယ်ပါသည။် -----------------------ပညာသဘာ အာဘာ နတ္ထိ------------------------ 
..........ရှေ့ဆက်ရန်........>>>

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday 14 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု