MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဒီလူမျိုးနှင့်တွေ့ချင်တာ
အင်္ဂလိပ်ဘာသာစာကို ဆရာဦးကိုကိုကြီးနှင့် အရှငအ် ရိယဓမ္မတို့က ရေးကူး၍ မြန်မာဘာသာစာကို
ဆရာကြီးဦးကွန့်က ရေးကူးသည်။ အရှင်မဟာနန္ဒသည် ဆရာတော်အရှင်ဥက္ကဋ္ဌ ညွန်ကြားနေသမျှကို
ဘာတစ်ခုမျှ ၀င်ရောက်ပြောဆို ဝေဖန်ခြင်းမပြုဘဲ၊ ၀မ်းသာသော မျက်နှာထားဖြင့် ကြည့်နေသည်။
ဆရာတော်၏ အရည်အချင်းကို သိပြီးဖြစ်သည်။ အကြွင်းမဲ့ ယုံကြည့်ထားပြီးဖြစ်သည်။ ခရစ်ယာန်ဘာသာ
စာပေတို့ကိုသာ ရေးကူးခိုင်းခြင်းသည်၊ အကြောင်းရှိ၍သာ ဖြစ်မည် ၊ ဖွတ်မြီး ဖွတ်ချည်သည့် သဘောပေလား။
မိမိဥာဏ်မမှီိုနိင် ပိဋကတ်ကျမ်းများကား ဆရာတော်ဦးနှောက်တွင် ရေးကူးပြီးဖြစ်လိမ့်မည်၊ သို့သော်
အရှင်မဟာနန္ဒက စကားတစ်ခွန်းတော့ ဆရာတော်အား လျှောက်ထားလိုက်သည်။
“ခရစ်ယာန်ဘက်က ပထမကြီးတန်း, ပထမကျော်တန်းအောင်ထားတဲ့ ဘုန်းကြီးလူထွက် သင်းအုပ်
ဆရာကြီးတွေ ဓမ္မဆရာကြီးတွေပါတယ်တဲ့ ဆရာတော…် အဲဒါတော့  ဆရာတော်ကြိုတင်သိထားအောင်
လျှောက်ထားတာပါ။”
“အဒဲါ သာပြီးကောင်းတာပေါ့  ကိုယ်တော”် “မှန်ပါ….အမိန့်ရှိပါဆရာတော”်
“ပါဠိစာပေမတတ်တဲ့ ခရစ်ယာန်ကျမ်းသက်သက်ကိုသာ တတ်တဲ့လူမျိုးနဲ့ ယှဉ်ပြိုင်ပြောလို့ တပည့်တော်တို့ကနိုင်ဦးတော့၊ ပါဠိစာပေမတတ်လို့ ခံလိုရတယ်ဆိုတာမျိုး ဖြစ်နေဦးမယ်။ တပည့်တော်ကလည်းအဲဒီဘုန်းကြီးလူထွက် ခရစ်ယာန်မျိုးနှင့် တွေ့ချင်ဆုံချင်နေတာ အတော်ပဲကိုယ်တော်”။ “ဘာဖြစ်လို့လည်းဆရာတော်”အဲဒီလိုလူမျိုးတွေက “ဥသြလည်းမဟုတ်၊ ကျီးကန်းလည်းမဟုတ်တဲ့ (အောက်ကလိအာ)ဆိုတဲ့လူမျိုးတွေ”၊ ပိဋကတ်ကို ကုန်စင်အောင် နှိုက်နှိုက်ချွတ်ချွတ် တတ်မြောက်ထားတာလည်း မဟုတ်ဘူ။လေ့လာထား တာလည်း မဟုတ်ဘူး၊ ပါဠိတတ်တာနဲ့ ပိဋကပ်ကျမ်းစာ အနည်းအကျဉ်း သင်ဖူးတာကို သူတို့ကိုသူတို့ ပိဋကတ်ပါရဂူလို့ ထင်နေကြတာ။ ပထမကြီး ပထမကျော်အောင်တာကို အဟုတ်ကြီးမှတ်နေကြတာ၊အကြီးမားဆုံးချက်က ဝေဖန်ဆန်းစစ်မှု မရှိကြဘူး။ အဲဒီလို ဉာဏ်မျိုးလည်း မရှိကြဘူး။ ဇိနတ္ထပကာသနီလောက်, တထာဂတ ဥဒါနဒီပနီလောက်ကို အပြစ်ပြောနိုင်တာကို ဟုတ်လှပြီထင်နေကြတာ။ ဗုဒ္ဓ၀ါဒအစစ်အမှန်ကို သူတို့နားမလည်ကြပါဘူး၊ ဒီအထဲ အဆိုးဆုံးတစ်ခု ရှီသေးတယ်”၊ “မှန်ပါ ဘယ်ဟာပါလည်းဘုရား”
“ကိုယ့်ယုံကြည်ချက်ကို ငွေကြေးနဲ့ အခွင့်အရေးနဲ့ လှဲလည်ရောင်းစားပစ်လိုက်တဲ့
အချက်ပေါ့ကိုယ်တော်”၊ တပည့်တော်တို့ ပါဠိစာပေမှာ (ဥဒရဟေတု)၀မ်းရေးဟူသော အကြောင်းကြောင့်
ခရစ်ယာန်ဘက် ပြောင်းသွားတဲ့လူတွေ ကိုယ်တော် ….ခရစ်ယာန်ကလည်း အပေးအကမ်း အချီးမြောက်
အလွန်ရက်ရောတယ် မဟုတ်လား… ဒီကြားထဲ ထိုခရစ်ယာန်အင်္ဂလိပ်စိုးရကလည်း နောက်ခံရှိနေလေတော အခွန်အာဏာပါ ရှိနေကြတာပေါ့။ ရာထူးနှင့် မြှားပြီးဆွယ်လို့ ခရစ်ယာန်ဖြစ်သွားကြတာ တစ်ပုံကြီးပဲတပည့်တော်တို့ရဲ့ တောင်ခွင်သာသနာပိုင် ဆရာတော်ကြီးရဲ့ တူတစ်ယောက်ဆိုရင် ရာထူးကြီးရတာနဲ့ခရစ်ယာန်ဘက် ၀င်သွားတယ်။ ဟော.. သူ့သားတွေ အင်္ဂလန်ပြန်ဘွဲ့တွေ ဘာတွေနဲ့ …အခုရန်ကုန်တကသ္ကိုလ်မှာ ပါမောက္ခတောင် ဖြစ်နေတယ်။ ဒါကြောင့် တပည့်တော်က အဒဲီလို ဗုဒ္ဓဘာသာကိုစွန့်ပြီး ခရစ်ယာန်ဘက် ၀င်သွားလူ များများပါစေချင်နေတာ။ ပြောရတာလည်း အားနာစရာမလိုဘူး။

မခက်ပါဘူးကိုယ်တော်…. သူတို့ကအိန္ဒိယမှာ တပည့်တော်တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ ခရစ်ယာန်ပါရဂူ
ကြီးတွေလောက်မတော်ပါဘူး။ အဒဲီလူတွေကိုယ်တောင် အနိုင်ကြဲနိုင်ခဲ့သေးတာပဲဟာ။ တပည့်တော်ကတော့ ဆရာတော်ကို ယုံကြည့်ပြီးသားပါဘုရား ..”။
ထိုနေ့ညက ဒုတိယကျောင်းအုပ် နာယကဆရာတော် အရှင်ဇ၀နဆရာတော်၏ စီစဉ်ပေးချက်အရ
နေရှင်နယ်ကျောင်းအပ်ါထပ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ရဟန်းတော်များ, ဆရာများ, ကိုရင်ကြီးများ,
ကျောင်းသားကြီးများဖြင့် စည်ကားနေသည်။ အရှင်မဟာနန္ဒက ရောက်လာကြသူများအား ကျောက်ကွင်း
ဝါဒပြိုင်ပွဲ အကြောင်းကို အသေးစိတ်ပြန်လည် ပြောပြနေရသည်။ အားလုံးမှာ ဆရာတော်ကိုယ်တိုင်
ဦးဆောင်ပြောမည်ကို သိရသောအခါ အလွန်အားတက်၍ ကျေနပ်နှစ်သက်နေကြသည်။
ဆရာကြီး ဦးကွန့်၊ ဆရာဦးကိုကိုကြီးနှင့် အရှင်အရိယဓမ္မတို့သည် ဆရာတော်ညွန်ကြားသည့် စာများကို
ခေါင်းစဉ်တွဲ၍ ရေးကူးနေကြသည်။ ဆရာတော်ကမူ အရှင်ဇ၀နအမှူးပြုသော နာယကဆရာတော်များနှင့်
သွားလာရေး ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေလေသည်။ ၀ါဒပြိုင်ပွဲသို့ လိုက်ချင်သူက များနေသည်၊
သွားလာရေး စရိတ်စကနှင့် တည်းခိုနေထိုင်ရေး အဆင်ပြေနိုင်ရန်အတွက် အကျဉ်းရုံးရန် ဆုံးဖြတ်ပြီး ငါးဦးသာလိုက်ပါရန် အတည်ပြုလိုက်ကြသည်။ အဖွဲ့ခေါင်းဆောင်မှာ ဆရာတော်အရှင်ဥက္ကဋ္ဌ အတွင်းရေးမှူးမှာဆရာဦးကိုကိုကြီးဖြစ်၍ ဆရာကြီး ဦးကွန့်က ဆရာတော်အားကူညီရန်၊ အဖွဲ့ဝင်အဖြစ် အရှင်အရိယဓမ္မ(အင်္ဂလိပ်ကပြား) နှင့်အရှင်သုတတို့ လိုက်ပါကြရန် စုစုပေါင်းငါးဦးသာသွားကြရန် အတည်ပြုလိုက်ကြသည်။


...............
အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင်
တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။
ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့
အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန်
ရည်ရယ်ပါသည။်
-----------------------ပညာသဘာ အာဘာ နတ္ထိ------------------------
ရှေ့ဆက်ရန်........>>>

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 11 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု