MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဗုဒ္ဓ မပွင့်မီ လူ့ ယဉ်ကျေးမှု သမိုင်းတွင် ၀ါဒ နှစ်ရပ် ကသာ လွှမ်းမိုး ခြယ်လှယ် ထားသည် ကို တွေ့ရ သည်။

ဝါဒ တစ်ရပ် ကား ဤသို့ ယူဆ သည်။ အာရုံ ငါးပါး (ခြောက်ပါး) သည် အသုံးချဖို့ (ခံစားဖို့) ဖြစ် သည်။ ထိန်းသိမ်း ဖို့် မဟုတ်။ ထိန်းသိမ်း ခြင်း အားဖြင့် တိုးတက် အောင် မလုပ်နိုင်။ အသုံးချ ခြင်း ဖြင့်သာ တိုးတက် အောင် လုပ်နိုင် မည်။ လူသည် အာရုံ ခြောက်ပါးကို အစွမ်းကုန် အသုံးချရန် အတွက် ၀တ္ထု ပစ္စည်း များကို တိုးတက် ရှာဖွေဖို့ လိုသည်။ ပစ္စည်း ၀တ္ထုများ စုံလင် ၀ပြော လာ သဖြင့် တစ်ချိန်၌ လူ့ဘောင် တစ်ခုလုံး သာယာ ၀ပြော သွားမည်။ ဤ၀ါဒ ကို အင်္ဂလိပ်လို (Materalism) ဟူ၍ လည်းကောင်း၊ မြန်မာ လို ရုပ်ဝါဒ ဟူ၍ လည်းကောင်း ဆိုကြသည်။ ပါဠိလို ကာမ သုခလ္လိကာ နုယောဂါ ဟူ၍လည်း တခါတရံ ဆိုကောင်း ဆိုနိုင် သည်။

အဆိုပါ ၀ါဒကို မယူသူ များက ဤ ဒုတိယ ၀ါဒကို ယူသည်။ ဤ ၀ါဒက ဤသို့ ယူဆသည်။ လူ၌ စိတ် ၀ိဥာဉ် (Soul/ Form/ Consciousness) ဟူသည့် မသေ တတ်သည့် အရာ (အတ္တ) ကလေး ရှိသည်။ ထို အတ္တ ကလေး သန့်စင် အောင် အဓိက ထား၍ ကြိုးပမ်း အပ်သည်။ ယုံကြည် ခြင်းဖြင့် လည်းကောင်း၊ ပူဇော် ခြင်းဖြင့် လည်းကောင်း၊ ကျင့်ကြံ ခြင်းဖြင့် လည်းကောင်း ထို အတ္တ (စိတ် ၀ိဥာဉ်) ကလေး သန့်စင် အောင် (လွတ်မြောက် အောင်) ပြုလုပ် ပေးနိုင် သည်။ အတ္တ (စိတ် ၀ိဥာဉ်) ကလေး သန့်စင်ခြင်း ဖြင့် တစ်ချိန်၌ သာယာ ၀ပြော သော ဘုံဌာန ကို ရောက်ရှိ နိုင်သည်။ ဤ ၀ါဒကို အင်္ဂလိပ် လို (Idealistic Monism) ဟူ၍ လည်းကောင်း၊ မြန်မာ လို စိတ်ဝါဒ ဟူ၍ လည်းကောင်း ဆိုကြသည်။ ပါဠိလို အတ္ထ ကိလ မထာ နုယောဂါ ဟူ၍ လည်း တခါတရံ ဆိုကောင်း ဆိုနိုင် သည်။

လူ့ ယဉ်ကျေးမှု သမိုင်း တလျှောက်တွင် ဤ ၀ါဒ နှစ်ရပ် သည် ထွေးရော ယှက်တင် ကြီးစိုး လာခဲ့ သည်။ ဤ ၀ါဒ နှစ်ရပ် လုံးသည် အချင်းချင်း ဆန့်ကျင် နေသည့် အသွင်ကို ဆောင်သော်လည်း အမှတ် နှစ်ခု ၌ ကား တစ်ထပ် တည်း ကျအောင် တူနေ သည်။ ၎င်း အမှတ် နှစ်ခုကား စမှတ် နှင့် ဆုံးမှတ် တို့ပင် ဖြစ်သည်။ ၀ါဒ နှစ်ရပ် လုံး သည် ရုပ်နာမ် အပေါင်း ကို ငါ ဟု စတင် ရှုမြင်ပြီး ငါ ဟု ရှုမြင်မှု နှင့်ပင် အဆုံးသတ် ကောက်ချက် ဆွဲသည်။ ဤကား ဗုဒ္ဓ ပွင့်တော်မမူမီ အထိ ဖြစ်သည်။

ဗုဒ္ဓ ပွင့်တော် မူသော အခါ ဤသို့ သိလာ ကြရ သည်။

ရုပ်ဝါဒ တွင် ပါရှိ သော ခံစားခြင်း (Perception) သည် ဝေဒနာ က္ခန္ဓာ ဖြစ် သည်။ ဝေဒနာက္ခန္ဓာ သည် မမြဲသော တရား ဖြစ်သည် (အနိစ္စ)။ ထို့ကြောင့် နှိပ်စက် တတ်ခြင်း သဘော သာလျင် ရှိသည် (ဒုက္ခ)။ ထို့ကြောင့် မမြဲ ဆင်းရဲ နှိပ်စက် တတ်သော ဝေဒနာက္ခန္ဓာကို ငါ၊ သို့မဟုတ် ငါ ပိုင်ဆိုင်သော အရာ(ငါ သို့မဟုတ် ငါ၏ အတ္တ )ဟူ၍ မယူဆ ရ။ ငါ သို့မဟုတ် ငါ၏ အတ္တ အလျင်း မဟုတ်။ ရုပ် နာမ် ဓမ္မ သာလျင် ဖြစ်သည် (အနတ္တ)။

စိတ် ၀ါဒတွင် ပါရှိ သော စိတ် ၀ိဥာဉ် (Soul) ဟူသည် ၀ိဥာဏက္ခန္ဓာ ပင် ဖြစ်သည်။ ၀ိဥာဏက္ခန္ဓာ သည်လည်း မမြဲသော တရား ဖြစ်သည်။ ထို့ကြောင့် နှိပ်စက် တတ်သော သဘော သာလျင် ရှိသည်။ ထို့ကြောင့် မမြဲ ဆင်းရဲ နှိပ်စက် တတ်သော ၀ိဥာဏက္ခန္ဓာ ကို ငါ သို့မဟုတ် ငါ ပိုင်ဆိုင် သောအရာ (ငါ သို့မဟုတ် ငါ၏အတ္တ) ဟူ၍ မယူဆ ရ။ ငါ သို့မဟုတ် ငါ၏ အတ္တ အလျင်း မဟုတ်။ ရုပ် နာမ် ဓမ္မ သာလျင် ဖြစ်သည် (အနတ္တ)

ထို့ပြင် အဆိုပါ ၀ါဒ နှစ်ရပ် တွင် အထင် အရှား မပါရှိ သော သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ရူပက္ခန္ဓာ တို့ကို လည်း ငါ သို့မဟုတ် ငါ ၏ အတ္တ ဟူ၍ မယူဆရ။ ရုပ် နာမ် ဓမ္မ သာလျင် ဖြစ်လေ သည် (အနတ္တ)

ဤသို့ အားဖြင့် ဤ ဗုဒ္ဓ ၀ါဒ သည် အစ ၌ လည်းကောင်း အဆုံး ၌ လည်းကောင်း အတ္တ အယူအဆ ကို ပယ်သဖြင့် "အစွန်း နှစ်ဖက် ကို ပယ်သည့် ၀ါဒ" ဟူ၍ ဆိုရ သည်။ သေပြီး သည့်နောက် အတ္တ တည်မြဲခြင်း အယူအဆ (သဿတ ဒိဌိ) ကို လည်းကောင်း၊ သေပြီး သည့်နောက် အတ္တ ပြတ်စဲ ခြင်း အယူ အဆ (ဥစ္ဆေဒဒိဌိ)ကို လည်းကောင်း လက်မခံ ငြင်းပယ် သဖြင့် "အစွန်း နှစ်ဖက် ကို ပယ်သည့် အယူအဆ" ဟူ၍ လည်း ခေါ်ရ ပြန် သည်။ ကာမဂုဏ် ကို အစွမ်း ကုန် ခံစားခြင်း အကျင့် (ကာမ သုခလ္လိကာ နုယောဂါ) ကို လည်းကောင်း မိမိ ကိုယ်ကို အစွမ်းကုန် ညှဉ်းဆဲခြင်း အကျင့်(အတ္ထ ကိလ မထာ နုယောဂါ) ကို လည်းကောင်း လက်မခံ ငြင်းပယ် သဖြင့် လည်း "အလယ် အလတ် အကျင့် (မဇ္ဈိမ ပဋ္ဋိပဒါ)" ဟူ၍ လည်း ခေါ်ရ သည်။

လက်တွေ့ ကျင့်ကြံ အားထုတ် သော အခါ သဒ္ဓါ နှင့် ပညာ ကို မျှစေ ရခြင်း၊ ၀ီရိယ နှင့် သမာဓိ ကှို မျှစေ ရခြင်း၊ လောဘစွန်း နှင့် ဒေါသစွန်း ကို ရှောင်ရခြင်း သဘော တို့ကြောင့် အလယ် အလတ် လမ်းစဉ် (မဇ္ဈိမ ပဋ္ဋိပဒါ) ဟု ခေါ်ဆို ရခြင်း ၏ အဓိပ္ပါယ် ကို ပိုမို ပေါ်လွင် စေပါ သည်။

ဤ အလယ်လမ်း ကိုပင် ဥပေက္ခာ ဟူ၍ လည်းကောင်း၊ သခါရုပေက္ခာ ဟူ၍ လည်းကောင်း၊ မဂ္ဂင်ရှစ်ပါး ဟူ၍ လည်းကောင်း၊ အပ္ပမာဒ တရား ဟူ၍ လည်းကောင်း ယောဂီ ၏ စရိုက် ၀ါသနာ ပါရမီ ကို လိုက်၍ ဗုဒ္ဓ သည် အမျိုးမျိုး ဟောကြား တော် မူလေ့ ရှိပါ သည်။ ဤသို့ အားဖြင့် အစဉ် အလာ လမ်းဟောင်း များနှင့် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်လျက် ဗုဒ္ဓ ၏ အလယ်လမ်း သည် လောက အလွန် သားများ လက်တွေ့ အသုံးပြု ရန် ထွက်ပေါ် လာပါ တော့ သည်။


ကိုးကား
ဥာဏ် လမ်းပေါ်လျှောက် လူတစ်ယောက် အကြောင်း- ဦးဆန်းလွင်
ဥပေက္ခာ အ၀န်းအ၀ိုင်း- မြသန်းစံ

.....................

အလှတရား ဘလော့မှ

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday 16 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု