MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဗုဒ္ဓသာသနာအဖွဲ့ ခရီးထွက်ပြီ
ဧပြီလ(၂၈)ရက်နေ့တွင် ဆရာတော်အရှင်ဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့ဝင်(၆)ဦးပါဝင်သည့်
ဗုဒ္ဓဘာသာ အဖွဲ့သည် မည်သည့်အခမ်းအနား အဆောငအ် ယောင်မျှ မပါဘဲ စာအပ်ုတစ်ထုတ်နှင့်
လွယ်အိတ်ကိုယ်စီ လွယ်လျှက် ခရီးသည်တင် ဘတ်စ်ကားဖြင့်ပင် တောင်တွင်းကြီးမြို့မှ အာလံမြို့သို့
စတင် ခရီးထွက်ခဲ့ကြသည်။ နံနက်(၉)နာရီတွင် အာလံသို့ ရောက်ရှိရာ၊ ကားဂိတ်တွင် အရှင်မဟာနန္ဒနှင့်
ရဟန်း သုံးလေးပါး၊ ကျောင်းသား သုံးလေးဦးတို့ ကြိုဆိုနေ ကြသည်ကို တွေ့ကြလေသည်။ ထိုနေ့တွင်
အာလံမြို့။ ဗုဒ္ဓသာသနာပြုကျောင်း အရှင်မဟာနန္ဒထံတွင် ရပ်နားကြသည်။ ထိုအချိန်က ဆရာတော်
အရှင်ဥက္ကဋ္ဌသည် ဘားမားဂျာနယ်, တိုးတက်ရေး မဂ္ဂဇင်းတို့တွင် အမျိုးသားရေးနှင့်၊
ဘာသာရေးဆောင်းပါးများကို ရေးနေရာ အာလံမြို့မှာ စာပေလိုက်စားသူတို့က ကြားဖူးနေကြသည်။
ဆရာတော်ရောက်လာကြောင်း ကြားသိရ သောအခါ လာရောက်ဖူးမျှော်ပြီး မေးမြန်းလျှောက်ထားကြရာ
ဆရာတော်ကလည်း ပြန် လည်ဖြေကြား လေသည်။

မြ၀တီလူထွက်ကြီး ဆရာအုန်း
တစ်ချိန်က တရားပွဲများဖြင့် အုတ်အုတ်ကျက်ကျက် စည်ကားကျော်ကြားခဲ့သော စစ်ကိုင်းတောင်ရိုးတွင်
သီတင်းသုံးသည့် နိုင်ငံကျော်ဓမ္မကထိက, ၀ိပဿနာနည်းပြ, မြ၀တီ ဆရာတော်ဟူသော ဆရာတော်
တစ်ပါး ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုဆရာတော်သည် လူထွက်ပြီးသည့် နောက်ပိုင်း အာလံမြို့တွင်၍
လာရောက်၍ အခြေချနေထိုင်သည်။ အမည်ကား ဆရာကြီး ဦးအုန်းဖြစ်သည်။ ထိုဆရာကြီးသည်
ဆရာတော်အရှင်မဟာနန္ဒနှင့် ရင်းနှီးကျွမ်းဝင်၍ ကျောက်ကွင်းဝါဒ ပြိုင်ပအွဲ ကြောင်းကို အလုံးစုံ
သိရှိပြီးဖြစ်သည်။ သူသည်လည်း ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်၍ ဗုဒ္ဓဘာသာဘက်က
နိုင်စေချင်သည်။ ပိဋကတ်စာပေ တတ်ကျွမ်းသူဖြစ်၍ ပိဋကတ်စာပေတစ်ချို့တွင် ချို့ယွင်းချက်များ
ရှိနေသည်ကိုလည်း မကျေနပ်သူ ဖြစ်သည်။ ဤချို့ယွင်းချက်များကို ထောက်ပြ၍ ခရစ်ယာန်တို့က
အနိုင်ယူသွားမည်ကိုလည်း စိုးရိမ်သည်။
ထို့ကြောင့် ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးပြီး ပြိုင်ပွဲအတွက် ကြိုတင် လေ့ကျင့်ရန်
ဆုံးဖြတ်ပြီး ဆရာတော်ထံသို့ ရောက်လာခဲ့သည်။

တိုက်ပွဲလေ့ကျင့်ခန်း
ဆရာတော်နှင့် အလ္လာပ သလ္လာပ အနည်းငယ်ပြောကြားပြီးနောက် ဆရာကြီးဦးအုန်းက
ပိဋကတ်တော်များ အကြောင်းကို စတင်ဆွေးနွေးသည်။ ဆရာတော်ကလည်းပြန်လည် ဆွေးနွေးသည်
“ဆရာတော် အခုသွားပြီး ယှဉ်ပြိုင်ဟောပြောရမယ့် ကိစ္စက အတော်မလွယ်ဘူး ထင်တယ်ဘုရား။
တစ်ဖက်ကလည်း ပိဋကတ်စာပေတတ်ကျွမ်းတဲ့ ဘုန်းကြီးလူထွက်ကြီးတွေ ပါတယ်ဆိုတာကိုး,
တပည့်တော် စောစောက လျှောက်ထားခဲ့သလို ပိဋကတ်တော်ထဲမှာ ရှေ့ - နောက်မညီညွတ်တာတွေ။
အစပအ် ဟပ်မတဲ့တာတွေက ကွက်ကြားကွက်ကြား ပါနေတာဘုရား။ အဒဲါတွေဟာ ဘုရားဟောတွေပဲဆိုပြီး
သူတို့က ထောက်ပြ ဝေဖန်ရင် ဆရာတော် ကဘယ်လို ချေပမလဲဘုရား”။ “အဲဒီလိုဆိုတော့လည်း..
ဖွတ်မြီးနှင့် ဖွတ်ချည် ဆိုတာမျိုး လို သူဝေဖန်တဲ့ မေးတအဲ့ ထဲကပဲ အဖြေပြနရှ်ာပြီး ချေပရမှာပေါ့ 
ဒကာကြီးရယ်´´။ ``သိပ်ပြီး မလွယ်ဘူးထင်တယ် ဆရာတော် ”၊ “ဒါကကိုယ်လက်ခံယုံကြည်ဖို့မှ
မဟုတ်တာဘဲဟာ။ ပြေလည်အောင် ရှင်းပြရမယ့်သဘော သက်သက်ဆိုတော့ အဲဒီ
ပိဋကတ်စာပေတွေကိုပဲ ပြန်ပြီးခံတပ် လုပ်ရမှာပေါ့  ဒကာကြီးရယ”် ။ “ဒါဖြင့်ရင…် .ဒီလို့လုပ်ဘုရား,
တပည့်တော်က ခရစ်ယာန်ဘက်ကနေပြီး ပိဋကတ်တော်နဲ့ တရားတော်တွေကို ဝေဖန်မယ်၊ အဲဒါ
ဆရာတော်က သူ့ဟာနဲ့သူပြေအောင် ပြန်ပြီး ချေပကြည့်စမ်းပါ ဆရာတော်။ တိုက်ပအွဲ တွက်
လေ့ကျင့်ခန်းမျိုး ပေါ့ဘုရား။ ဘယ့်နှယ်လည်း ဆရာတော်”။
“သိပ်ကောင်းတာပေါ့ ဒကာအုန်းရာ၊ ဒါမှ ဦးပဇင်းလည်း ဟိုမှာ တကယ်ဝေဖန် ချေပတဲ့အခါ
တက်နည်း, ဆုတ်နည်း, ကွေ့နည်း, ၀ိုက်နည်း, တိုက်နည်းတွေ အကျင့်ရတာပေါ”၊
“ပွဲမ၀င်ခင် ပြင်ကကျင်းပဆိုသလို၊ ဇာတ်တိုက်ကြည့်တဲ့ သဘောပေါ့ ဆရာတော”၊ “လုပ်လေ၊ ကဲ……
ကြာတယ် စလေဗျာ ဒကာအုန်း”။ဤတွင်ဆရာအုန်းသည် ပိဋကတ်တွင် တွေ့ရှိရသော ပျော့ကွက်ဟာကွက်များကို စတင်ထိုးနှက်၍
တိုက်ခိုက်ဝေဖန်လေတော့သည်။ ဆရာတော်ကလည်း အညံ့မခံဘဲ ပြန်လှန်၍ ခုခံချေပသည်။
ဆရာကြီးဦးအုန်းသည် ပိဋကတ်စာပေကို နိုက်နိုက်ချွတ်ချွတ် လေ့လာထား သူဖြစ်သည်။ စာမှတ်မဟုတ်ဘဲ
တကယ့်စာတတ်ဖြစ်သည်။ မြ၀တီဆရာတော်ဘ၀ မြန်မာနိုင်ငံ တစ်နံတစ်လျား တရားပွဲကြီးများကိုပင်
အောင်မြင်စွာ ဟောပြောခဲ့သူဖြစ်၍ စကားလည်း တတ်လှသည်။ အပြောလည်း ကောင်းးလှသည်။
အနယ်နယ်အရပ်ရပ်တွင် ရဟန်း,ရှင်လူမျိုးစုံနဲ့ တွေ့ထိခဲ့ရ၍ မေးခွန်းပေါင်းစုံနှင့်လည်း ရင်ဆိုင်ခဲ့ရ
ဖူးသူဖြစ်သည်။
ဆရာတော်နှင့် ဆရာကြီး ဦးအုန်းတို့၏ ပိဋကတ်တိုက်ပွဲကား သူရဲကောင်းနှစ်ဦးစီး
ချင်းထိုးသည့်ပွဲနှင့်ပင် တူတော့သည်။ တစ်ဦးက တင်လိုက်, တစ်ဦးကချေပလိုက်, အထောက်
အထားအကိုးအကားများ ပြလိုက်နှင့် ပါဠိတော်, အဋ္ဌကထာ, ဋီကာ, အနုမဓု ယောဇနာ, ဂဏ္ဍိ စုံတကာစိ
ပြည့်ဝလှဘိသည်။ ဘေးမှနားထောင်နေသည့် ပရိသတ်တွင် အသက်မရှုနိုင်အောင် ဖြစ်ရသည်။
ယခုခေတ်ကဲ့သို့ “ရီကော်ဒါ ကက်ဆက်”တို့ ပေါ်ပေါက်သည့် အခါသာ ဖြစ်ခဲ့လျှင် အသံဖမ်းထားလိုက်ပါက
ဗုဒ္ဓသာသနာအတွက် အလွန်အကျိုးရှိမည့် ပိဋကတ်စစ်တမ်းကြီးကို ရရှိပေလိမ့်မည်။ ဆရာအုန်းမှာလည်း
ပြောရင်းပြောရင်း စိတ်ပါလာကာ, မရပ်မနား, ဒလစပ် တိုက်ခိုက်ဝေဖန်နေရာ နေ့လည်မှသည် ညနေ
ထမင်းစားချိန် တိုင်အောင် ကြာမြင့်လာခဲ့ရာ အိမ်သို့ပင် မပြန်တော့ချေ။ အရှင်မဟာနန္ဒ ၀ယ်ကျွေးသည့်
ခေါက်ဆွဲကြော် စားချိန်လောက်သာ အနားယူလေသည်။
ညနေစာ စားပြီးနောက် ဆက်လက်၍ ဆွေးနွေးဝေဖန်ပြန်သည်။ ည (၁၂)နာရီအချိန် ရောက်သော်မှ
နံနက်ဆက်ရမည့် ခရီးအတွက် နတ်မှီဆရာတော် ဦးကလျာဏက သတိပေးတော့မှပင် ဆရာအုန်းမှာ
မချင့်မရဲနှင့် အဆုံးသတ်ရပ်လိုက်ရသည်။


...............
အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင် တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။ ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့ အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန် ရည်ရယ်ပါသည။် -----------------------ပညာသဘာ အာဘာ နတ္ထိ------------------------ ..........ရှေ့ဆက်ရန်........>>>

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Sunday 13 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု