MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို ပုဒ်မ ၁၄၄ ဖြင့် ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် ယနေ့ ညနေပိုင်းတွင် မြန်မာ အစိုးရမှ အရေးပေါ် အခြေအနေ ကျေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ကျေညာလိုက်သော အရေးပေါ် အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀ အရေးပေါ်အခြေအနေကြေငြာခြင်း ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။ သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။ ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။ (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

ပို့စ်တင်သူ ။.............။ younger on Sunday 10 June 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု