MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
IELTS ဖြေဆိုမည့်သူများ မိမိ အင်္ဂလိပ်စာအဆင့်ကို ချက်ချင်းသိနိုင်မည့် အခမဲ့အစီအစဉ် Future Way မှစီစဉ် .
၁။ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ မိဘနှစ်ပါးစလုံး ကွယ်လွန်သူများ၊ မိဘတစ်ပါးပါးကွယ်လွန်သူများ၊ မိဘနှစ်ပါးစလုံးပင်စင်စားများ၊ မိဘနှစ်ပါးစလုံးလစာနည်းဝန်ထမ်းများနှင့်
ကိုယ်ထူးကိုယ်ချွန်ကြိုးစားနေကြသော လစာနည်းဝန်ထမ်းတစ်ဦးဦးဖြစ်ရမည်။
၃။ ပညာသင်ဆုရရှိသင့်ကြောင်း မိသားစုအခြေအနေကိုဖော်ပြထားသော ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံစာ။
၎။ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
၅။ တက္ကသိုလ်ဆရာ၊ ဆရာမ (သို့) အထက်တန်းပြဆရာ/ဆရာမ (သို့) သင်တန်းတစ်ခုခုမှ အကြီးအကဲ သင်တန်းဆရာတစ်ဦးဦး၏ ပညာသင်ဆုပေးသင့်ကြောင်း
ထောက်ခံစာ
၆။ မှတ်ပုံတင်မိတ္တူနှင့် မူရင်း
၇။ အိမ်ထောင်စုဇယားမိတ္တူနှင့် မူရင်း
၈။ ဓါတ်ပုံ ၂ ပုံ
မှတ်ချက်။ ။ LCCI Level I+II အောင်မြင်ပြီးသူများသည် သက်ဆိုင်ရာ သင်တန်းကျောင်းမှ သင်တန်းတက်ရက်မှန်ကန်ကြောင်းနှင့် ရိုးသားစွာကြိုးစားကြောင်း ထောက်ခံချက်များအရ LCCI III ပညာသင်ဆုအတွက် ဆက်လက်ထည့်သွင်းစဉ်းစားပေးမည်ဖြစ်သည်။
လျှောက်လွှာတင်ရမည့်လိပ်စာ
ဆရာဦးဝင့်ကျော် LCCI ပညာသင်ဆုရွေးချယ်ရေးအဖွဲ့
(MHR သင်တန်းကျောင်း)
အမှတ် (၉၀၅) (၉) လွှာ၊ သံဈေးကွန်ဒို လမ်းမတော်လမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။
myanmartraining
မိဘမေတ္တာနဲ့ ပတ်သက်ပြီး ရေးဖွဲ့ကြသည့် ကဗျာများ၊ ဆောင်းပါးများရေးကြသည်မှာ စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မည် ။မိဘများ သားသမီးများအပေါ်ထားသည့် မေတ္တာတရားကို အတိုင်းအတာမသိ ။နှိုင်းစရာမရှိဘူးဆို တာကိုလည်း စာဖတ်သူ သိမှာပါ။ မိဘမေတ္တာဘယ်မျှပင် ကြီးသည်ကို မြတ်ဗုဒ္ဓက မြင်းမိုရ်တောင်နှင့်ပင်နှိုင်းထားသည်မဟုတ်ပါလော။
ဒါကိုပင် ကျေးဇူးမသိတတ်သည့် သားသမီးများကလည်း ဒုနှင့်ဒေး။မိဘကို ကျေးဇူးမဆပ်ချင်နေပါ ၊ ကျေးဇူး မကန်းပါနှင့် ဆိုသည့် စာတမ်းလေးကို နေရာတကာမြင်နေရသည်မဟုတ်ပါလော။ ထို့အပြင် “ မိဘကို မသေခင် ကျွေးပါ ၊ သေမှ ငိုမနေပါနဲ့ “ စသည့် စာတမ်းလေးတွေကို နေရတကာတွေ့ရသည်ပဲ။
မိဘများပြောလေ့ရှိသည့် စကားလေး တစ်ခွန်းသွားသတိရမိသည်။ ဘာတဲ့..သားသမီးများ ပြောလို့မရသည့်အခါ “အေး ..နင်တို့ ငါတို့လို မိဘနေရာ ရောက်တဲ့အခါကျမှ ခံစားတတ်မှာ၊ အခုတော့ မသိသေးဘူးပေါ့” စသဖြင့် ပြောဆိုတတ်လေသည်။
ပြီးတော့ တစ်ခါက အိမ်ထောင်ကျနေသော သမီးတစ်ယောက်ကို သူ့မိခင်က နေပူထဲမှာ အလုပ် လုပ်နေသော သူ့သမီးကို “ ဟဲ့ ..သမီး နေပူနေတာလေ၊ လသာနေတာမဟုတ်ဘူး၊ အတွင်းထဲဝင် “ စသဖြင့် ဆုံးမတာကို သူ့သမီးက ဘာပြောလဲဆိုတော့ “ အမေရယ်..သမီးလည်း ကလေးမဟုတ်တော့ပါဘူး၊ အမေ့ အသား လဲ ပူတာမဟုတ်ပါဘူး၊ သမီးအသားပူတာပါ၊ ပြီးတော့ အိမ်ထောင် ကျလို့ကလေးတွေတောင်ရနေပါပြီ “ စသဖြင့် ပြန်ပြောလေ၏။
ထိုအခါ သူ့မိခင်က သူ့သမီးမွေးထားသည့် ကလေး သူ့မြေးလေးကို နေပူထဲ ကစားခိုင်းလိုက်သည်။ သူ့သမီးမြင်သောအခါ ကလေးကို လှမ်းအော်ပြီး ဆူလေသည်။ သူ့မိခင်က “ ဟဲ့..နင့်အသားပူတာ မဟုတ်ဘူးလေ၊ ငါ့မြေးအသား ပူတာ ဘာလို့ ဆူနေတာလဲ ”။ ကလေးက ” ဟုတ်သားပဲ အမေရယ်၊ သမီးအသားပူတာပဲ ၊အမေ့အသား ပူတာမှမဟုတ်တာ ၊သမီးအသားပူတာပါ” ။ နင့်အသားပူတာ ငါ့အသားပူသလိုခံစားရတယ် ဟဲ့ “ စသဖြင့် အော်ငေါက်နေတာကို သူ့မိခင်က ၀င်ပြောလေ၏။ “ ငါကလည်း ညည်းကို နေပူနေတာ ငါ့အသားပူသလို ခံစားရတယ်၊ ဒါ့ကြောင့် ညည်းကို နေပူထဲ မနေဖို့ ဆုံးမတာပါ။အဲ့ဒီ အခါကျမှ သူ့မိခင်ရဲ့ မေတ္တာကို နားလည် သဘောပေါက်သွား၏။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် မိခင်ဖြစ်နေပြီး သူကိုယ်တိုင် ခံစားတတ်ပြီလေ။
ကျွန်ုပ် ခံစားလိုက်ရသည့် မိဘမေတ္တာကား ထိုသို့မဟုတ်၊ ကျွန်ုပ် တောင်တန်း ဒေသမှ ပညာသင်ရန်ခေါ်လာသည့် ၅-နှစ် ၆-နှစ်ကလေးများကို ခေါ်လာစဉ်က လမ်းခရီး က တောင်ဆင်းတောင်တက် အလွန်ကြမ်းပြီး လျှောက်ရသည့်ခရီးက ရွာမှ ၇၂- မိုင်ဝေး သည်။ ရွာကနေ လေရှီးသို့ ၃၀- မိုင်၊ လေရှီးမှ ထမံသီ စက်လှေ ဆိပ်သို့ ၄၂-မိုင် ပေါင်း လိုက် ရင် ၇၂-မိုင်။ထိုခရီးကို ၅-နှစ် ၊၆-နှစ်အရွယ်ရှိသေးသည့် ကလေးများ ဘယ်လိုမှ မလျှောက်နိုင်။သို့သော်လည်း ပညာသင်ရန် ခေါ်လာရသည်။ မလျှောက်၍လည်း မဖြစ်။ ကျွန်ုပ်လည်း ထို ကလေး ၅-ယောက်ကို ထမ်းခေါ်ရန် မလွယ်ကူပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများကား ကျောပိုးအိတ်နှင့်အပြည့်။ “ ကံဆိုးမ သွား ရာ မိုးလိုက်လို့ ရွာ” ဆိုသည့် စကားပုံအတိုင်း ထိုနေ့က မိုးတွေအရမ်းရွာနေ၍ ပါ လာ သည့် မိုးကာ များကို သူတို့ကိုပေးဆောင်းထားရသည်။ ကလေးများသည် မိုင်၂၀-ကျော် အထိ ပျော်ပျော်ပါးပါး လျှောက်နိုင်သေးသည်။ မိုင် ၃၀-ကျော်လာသောအခါ မလျှောက်နိုင် တော့ ပေ။ ကျွန်ုပ်ကို ပြန်ပြန်ပြီး ကြည့်သည်။ ကျွန်ုပ် နားလည်လိုက်သည်။ ကျွန်ုပ်သာ သူတို့ မိဘ ဆိုလျှင် “ အမေ့ လမ်းမလျှောက်နိုင်တော့ဘူး။ အဖေ့ လမ်းမလျှောက်နိုင်တော့ဘူး ပွေ့အုံး ၊ ချီအုံး ” ဟုပြောမှာ အမှန်ပင်။ သို့သော် ကျွန်ုပ်ကို မပြောရဲကြပေ။ ကျွန်ုပ် ကျောပေါ်မှာလည်း သူတို့အ၀တ်အစားများ ထမ်းထားလာသည်မှာ ရဟန်းတစ်ပါး အနေဖြင့် ဘယ်တုန်းက မှ မလုပ်ဘူးသည့် အထုပ်ထမ်း ဘ၀ကို လုပ်နေရသည်။ မချွင်း မချန်ပြောရလျှင် မိန်းခလေးများ၏ ထဘီများပါ ကျွန်ုပ် ကျောပိုးအိတ်မှာပါသည်။ ကလေးများ၏ ဘ၀ကား ကျွန်ုပ်မှ ထိုသို့ မကယ်လျှင် မည်သူများ ကယ်ဦးမည်နည်း။ ရဟန်းတစ်ပါး ထဘီထုပ်ထမ်းသည်ဟု သိရသော စာဖတ်သူ ဘယ်လိုများ ခံစားရမည်နည်း။
ကလေးများ ကျွန်ုပ်ကို နှုတ်မှ ထုပ်မပြော သော်လည်းသူတို့ရဲ့ အကြည့်များက “ ပွေ့အုံး၊ ချီအုံး ” ဟုပြောနေသကဲ့သို့ ကျွန်ုပ် ဖခင်တစ်ယောက်ပမာ အလားတူစွာ ခံစားလိုက်ရသည်။ ကျွန်ုပ် ငယ်စဉ်တုန်းက လမ်းမလျှောက်နိုင်လျှင် ဖေဖေ က ကျောပိုးခဲ့ဖူးတာကို ပြန်လည်မြင်ယောင်မိ၏။ ဘာလို့လဲဆိုတော့ အခု အချိန်က စ ပြီး ကျွန်ုပ်က သူတို့၏ မိခင်ဆိုလည်း ဟုတ် ၊ ဖခင်ဆိုလည်း ဟုတ်၊ ကလေးများကို ကြည့်ပြီး ကျွန်ုပ် မျက်ရည်များပင် ကျမိသည်။ “ အော်…ငါခေါ်လာခဲ့တာ မှားပြီထင်တယ် “ ဟု အထိ တွေးမိသည်။
ကျွန်ုပ် စဉ်းစားမိလိုက်သည်။ သြော်…..ငါ့ သားသမီး မဟုတ်ပါပဲလျက်ပင် ငါ့သားသမီးများကဲ့သို့ ကျွန်ုပ်ခံစားရသည်ဆိုလျှင် စာဖတ်သူတို့ ကျွန်ုပ်တို့ မိဘအရင်းများဆို ဘယ်လောက်အထိ သားသမီးများအပေါ် မေတ္တာထားကြမည်နည်း။ မိဘအရင်း မဟုတ်တဲ့ ကျွန်ုပ်တောင် မိဘအရင်းကဲ့သို့ ခံစားရသည်။ကလေးများအပေါ် မေတ္တာသက်ဝင်မိသည်။ စာဖတ်သူတို့၏ မိဘများက စာဖတ်သူတို့ အပေါ် မည်မျှ ချစ်ကြမည်။ မည်မျှ မေတ္တာထားမည်ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့။
ဒါကိုပင် ကျေးဇူးမဆပ်သည့်အပြင် ကျေးဇူးကန့်သည့် သားသမီးများ လောကမှာ တစ်ပုံကြီးလေ။ မိဘများတောင် မသေသေးဘူး အမွေတောင်းပြီး မရသည့်အခါ မိဘကို ပြဿနာလုပ်ကြသည့် သားသမီးများကလည်း ဒု နှင့်ဒေး။ တစ်ချို့ မိဘများသည် သားသမီးများက “ ခင်များကြီးကလည်း ၊ဒေါ်ကြီးကလည်း” စသဖြင့်၎င်း ၊ တစ်ချို့ သားသမီးများဆိုလျှင် မိဘကို “ သေချင်းဆိုးမကြီး ၊ သေလည်း မသေနိုင်ဘူး” စသဖြင့်လည်းကောင်း မကျေနပ်သည့် လေသံဖြင့် ပြန်အော် ပြန်ပြောအခါ မိဘများ မျက်ရည်များပင် ကြလေသည်။ ထိုသို့သောအသံကိုပင် မိဘတိုင်း မကြားချင်ကြပေ။
စာဖတ်သူများ နားလည်စေချင်သည်။ မိဘများ စိတ်ဆင်းရဲလျှင် သားသမီးများ ပစ္စည်း ဥစ္စာချမ်းသာသည်ထား စိတ်ချမ်းသာမည်မဟုတ်ပေ။ ထို့အတူ စိတ်ချမ်းသာ သော်လည်း ပစ္စည်းဥစ္စာ ချမ်းသာမည်မဟုတ်ပေ။ပစ္စည်း ဥစ္စာ ချမ်းသာပြီး စိတ်ချမ်းသာသော်လည်း ကြာရှည်မတည်နိုင်ပါ။ ဒါ့ကြောင့် “ မိဘကို မသေခင် လုပ်ကျွေး ပါ ၊သေမှ လူကြားကောင်းအောင် ငိုမနေပါနဲ့” ဟူသော စကားအရ မိဘများ စားနိုင် သောက်နိုင်တဲ့ အချိန်လေးမှာ ကျွေးမွေးကြပါ ။စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါသည်။ မိဘတိုင်းက လိမ္မာသော သားသမီးများကို အလိုရှိကြပါသည်။ သားသမီးကောင်းဖြစ်မှ မိဘကောင်းပြန်ဖြစ်နိုင်မည်။ ကိုယ် က အခုချိန် သားသမီးကောင်းဖြစ်ပါမှ ကိုယ်က မွေးလာသည့် သားသမီးများကြတော့လည်း လိမ္မာသော သားသမီးဖြစ်မှာပါ။
ဤဆောင်းပါးလေးကို ဖတ်ပြီး မိဘမေတ္တာကို နားလည်သွားကြမယ်ဆိုလျှင် စာဖတ်သူလည်း အကျိုးရှိ ၊ကျွန်ုပ်အနေဖြင့်လည်း ရေးရကျိုးနပ်ပါပြီ။
“ မိဘကျေးဇူး ၊ ရှိပေဖူး ၊ အထူးပြန်ဆပ်နိုင်စေသော်ဝ်။
“ မဆပ်နိုင်နေ ၊ရှိပါစေ ၊ မချေ မဖျက်မိစေသော်ဝ်…
မေတ္တာခရီးသည်
ကမ္ဘာကြီးစတင်ရာကာလ၌ မေတ္တာဖြင့်ပင်စတင်ခဲ့၏။ ကြားကာလ၌လည်း မေတ္တာဖြင့်ပင်ထိမ်းချုပ်ခဲ့၏။ ကမ္ဘာနှင့်မေတ္တာသည် ခွဲခွါ၍မရကောင်းပေ။ မေတ္တာမရှိသောနေ့သည် ကမ္ဘာမရှိသောနေ့ပင်ဖြစ်သည်။ ကမ္ဘာ့ပေါ်ရှိ လူသားတို့၏ အသက်တစ်ရာတမ်းတွင် လောက၌ ဗုဒ္ဓရှင်တော်မြတ်ပွင့်ထွန်းတော်မူလာ၏။ မေတ္တာဝါဒသည် ဗုဒ္ဓ၏သဗ္ဗညုတဥာဏ်တော်ကိုမှီခိုခွင့်ရသဖြင့် ပို၍တောက်ပြောင် ကျယ်ပြန့်လာ၏။ လူသားတို့၏ကမ္ဘာကြီးသည် ပို၍စိုပြည်လမ်းဆန်းလာတော့၏။
ဗုဒ္ဓမပွင့်မီက မေတ္တာဝါဒသည် မတောက်ပြောင် မကျယ်ပြန့်ယုံသာမက မေတ္တာဝါဒကျင့်သုံးသော လူနည်းစုအား ဗြဟ္မာပြည်အထိသာ ပို့ဆောင်နိုင်ခဲ့၏။ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူလာသောအခါ နိဗ္ဗာန်အထိတွန်းပို့နိုင်သော ပင်မအင်အားကြီးအဖြစ် တွေ့မြင်လာကြရပေသည်။ လူသားတို့အတွက် အခြေခံပဓာနဖြစ်၍ ငြိမ်းချမ်းစွာအတူတကွ နေထိုင်ရေး ဥပဒေသအဖြစ်လည်း ပို၍တွေ့မြင်လာကြရ၏။
ကမ္ဘာ့အလှတန်းဆာ၊ ကမ္ဘာ့ပီယဆေး၊ အရာအားလုံးစည်းရုံးရေး၊ ညီညွတ်ရေးလက်နက်၊ စွမ်းအားအကြီးဆုံး အောင်မြင်ရေးလက်နက်၊ သေခြင်းတရားကိုပင် ရဲရဲရင်ဆိုင်ရဲသော ရဲဆေးကြီး၊ ကမ္မဋ္ဌာန်းလေးဆယ်တွင် စွမ်းရည်အများဆုံးပါဝင်၍ အမြန်ဆုံးသမာဓိရလွယ်သောစိတ်ထိန်းနည်း၊ စကြာဝတေးမင်းလုပ်ရသည်ထက်မြတ်သော ကုသိုလ်အစုအပုံကြီး၊ ခြောက်ဆယ့်လေးကမ္ဘာတိုင်တိုင် စွမ်းရည်အာနိသင်မကုန်ဆုံးဘဲ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ထက် မြင့်မြတ်အောင်ပို့ဆောင်နိုင်သော ဘ၀မြင့်မားရေး နည်းပညာ စသည်အားဖြင့် မေတ္တာ၏အားကိုးဖွယ် စွမ်းရည်သတ္တိဂုဏ်ထူးဝိသေသ တို့သည် များပြားလှကုန်၏။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် မေတ္တာကို လောကီလောကုတ္တရာ သံသရာနှင့် လက်ရှိဘ၀အတွက် ပထမဦးဆုံးလိုက်နာရမည့် အခြေခံပဓာန ပင်မအင်အားကြီးအဖြစ် ညွှ့န်ပြတော်မူခဲ့ခြင်းဖြစ်လေသည်။
ဘုရားရှင်နှင့်အတူ တပည့်သာဝကအဆက်ဆက်တို့သည် လူသားတို့ချမ်းသာမှုအတွက် သာသနာပြုရာ၌ မေတ္တာတရားကို ထိပ်တန်းလက်နက်ကြီးအဖြစ် ကိုင်ဆောင်သုံးစွဲ၍ အောင်မြင်မှုကို ပြတော်မူခဲ့ကြလေသည်။ ဘ၀လွတ်မြောက်ရေးအတွက်လည်း အသုံးချပြတော်မူခဲ့ ပြန်လေသည်။ အထူးသဖြင့် ဘုရားရှင်သည် လောကနယ်ပယ်အတွင်း လောကီနှင့်မကင်းသေးသူတိုင်း အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ အရာအားလုံးပြည့်စုံပြီး အကောင်းဆုံး၊ အမြင့်ဆုံး၊ အချမ်းမြေ့ဆုံး၊ အသာယာဆုံးသောဘ၀ကို ရရှိစေရန် မေတ္တာဝါဒကို ချမှတ်ညွှန်ပြတော်မူခဲ့၏။ လောကလူသားတို့နှင့် ဆက်သွယ်ရာ၌ မြတ်ဗုဒ္ဓကိုယ်တော်တိုင်လည်း မေတ္တာဝါဒကို ရှေ့တမ်းတင်တော်မူခဲ့၏။ လောကရှိဝါဒအမျိုးမျိုးတို့တွင် အနတ္တ၀ါဒစသော အခြားသောဝါဒများအပေါ်၌ အချို့သောမကြိုက်မနှစ်သက်သောသူများရှိခဲ့သော်လည်း မေတ္တာဝါဒကို လက်မခံနိုင်သောသူမကြိုက်မနှစ်သက်သောသူ တစ်ဦးတစ်ရောက်မျှမရှိခြေ။ ကမ္ဘာပေါ်ရှိ ဘာသာအမျိုးမျိုး၊ လူမျိုးအသီးသီးတို့သည်လည်း မေတ္တာဝါဒဘက်သို့ မျက်နှာမူလာခဲ့ကြသည်။ ဘုရားရှင်ပွင့်တော်မမူခင် မဇ္ဈိမဒေသ၌ ဗြဟ္မာကိုဦးတိုက်၍ ဗြဟ္မဏ၀ါဒ ဗြဟ္မ၀ိဟာရ၀ါဒကို လက်ခံကြသည်ဆိုသော်လည်း ဗြဟ္မဏလူမျိုးတို့သည် ဆိက်၊ ၀က်၊ သိုး၊ နွားများကို ရာနှင့်ချီ၍သက်ဖြတ်ကာ ယာဇ်ပူဇော်ပွဲများကို ဘုရားပွင့်တော်မူစဉ်အချိန်အထိ ပြုလုပ်ခဲ့ကြလေသည်။
ဘုရားရှင်ပွင့်တော်မူလာ၍ မြတ်ဗုဒ္ဓ၏မေတ္တာဝါဒ အရှိန်အ၀ါများ အားကောင်းလာချိန်မှစ၍ ယခုအချိန်အထိ ဗြဟ္မဏတို့သည် နိဂဏ္ဍဂိုဏ်းဝါဒနှင့် ပူးတွဲလျှက် အဟိံသာဝါဒ၊ မေတ္တာဝါဒကို လက်ကိုင်ပြုခဲ့ကြ၏။ အနောက်နိုင်ငံများတွင်ကား မေတ္တာတရား မေတ္တာဝါဒကို အသက်နှင့်လဲ၍ပင် ထူထောင်ခဲ့ကြလေသည်။
အထူးသဖြင့် မြတ်ဗုဒ္ဓပွင့်တော်မူလာခြင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက်သာမက စဉ်းစားဉာဏ်အသိဉာဏ်ရှိသော မည်သည့်လူမျိုး မည်သည့်ဘာသာဝင်တို့အတွက်မဆို အကျိုးသက်ရောက်မူရှိခဲ့သည်မှာ ငြင်းပယ်၍မရနိုင်ပေ။ မြတ်ဗုဒ္ဓပွင့်တော်မူလာ၍ ကမ္ဘာသူကမ္ဘာသား ကမ္ဘာ့ဘာသာ လူမျိုးအသီးသီးတို့ထံသို့ မြတ်ဗုဒ္ဓ၏မေတ္တာဝါဒ စိမ့်ဝင်စီးဆင်းကာ လွှမ်းမိုးသွားသဖြင့် ကိုယ်ချင်းစာတရား မေတ္တာတရားထားကာ ချမ်းသာမှုကိုယ်စီရရှိနေကြကြောင်းကိုလည်း ပညာရှင်များဆိုကြသည်။
ဗုဒ္ဓမပွင့်ပေါ်မီ သာသနာတော်အပြင်ဘက်၌ မေတ္တာဝါဒသည် မည်မျှပင် ထွန်းကား၍ ကျင့်သုံးလာခဲ့ကြသည်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် မေတ္တာဝါဒသည် သာသနာတော်အပြင်ဘက်၌ ပြည့်စုံစွာမရှိနိုင်ကြောင်း မြတ်ဗုဒ္ဓကိုယ်တော်တိုင် မေတ္တာသဟဂတ သုတ္တာန်၌ အထင်အရှား ဟောတော်မူခဲ့သည်။ သို့ဖြစ်၍ မေတ္တာတရားကို စိတ်ဝင်တစား စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လေးလေးစားစား ကျင့်သုံးပွားများနေခဲ့လျှင် မေတ္တာတရာ၏ ကြည်လင်အေးမြသော အရသာကို ဧကံမုချခံစားရမည်ဖြစ်ပေသည်။ (မေတ္တာဝါဒ၊ ၁၆)..
......................
laminthar
ကမ္ဘာဦးကာလမှာ လူတွေဟာ ကတိသစ္စာတည်ကြည်ကြလို့ မုသားစကားကို မကြားဖူးဘူး။ အဲဒီခေတ်ကလူတွေဟာ အစားအသောက် ကောက်ပဲသီးနှံတွေကို မပင်မပန်းပဲ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ ရကြပါသည်။ မိုးလေ၀သ ရသီဥတုမှန်ကန်ပါသည်။ အဆုံးစွန် နွယ်ပင်မြက်ပင်များပင် ဆေးဖက်ဝင်သည်ဟု ဆိုထားပါသည်။
"ကတိသစ္စာ၊ တည်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၏။"
အဲလို ခေတ်ကြီးမှာ ပထမဆုံး မုသားပြောဆိုသူကတော့ စေတိယဆိုတဲ့ ရှင်ဘုရင်တစ်ပါးဖြစ်ပါတယ်။ စေတိယမင်း လိမ်ညာပြောမယ်ဆိုတဲ့သတင်း ပျံ့နှံ့လာတော့ နိုင်ငံတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ်။ လိမ်ပြောတယ်ဆိုတာ ဘယ်လိုမှန်းမသိကြတော့ အားလုံးစိတ်ဝင်စားသွားကြတာပေါ့။
စေတိယမင်း ဘာကြောင့်လိမ်ပြောရသလဲဆိုတော့---
သူတက္ကသိုလ်မှာ ပညာသင်ကြားစဉ်က ပရောဟိတ်ကြီးရဲ့ညီဖြစ်သူ ကောရလမ္ဗ နဲ့ချစ်ခင်ရင်းနှီးပြီး သူရှင်ဘုရင် ဖြစ်တဲ့အခါ ကောရလမ္ဗကို ပုရောဟိတ်ရာထူးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
သူမင်းဖြစ်လာတဲ့အခါ လက်ရှိ ပုရောဟိတ်ကြီးကို ရာထူးမှ မချနိုင်ပါဘူး။ ထုံးတမ်းစဉ်လာအရ ပုရောဟိတ်ရာထူးကို နောင်တော်ဖြစ်တဲ့ပုရောဟိတ်ကသာ ဆက်ခံခွင့်ရှိပြီး နောင်တော်က မလွှဲပြောင်းပေးရင် ညီတော်က ဒီရာထူးကို မရနိုင်ပါဘူး။ ဘုရင်ကလည်း အတင်းလွှဲပြောင်းပေးလို့မရပါဘူး။
လက်ရှိပုရောဟိတ်ကြီးက ကောရလမ္ဗရဲ့အစ်ကို သူ့သားကြီးကို ပုရောဟိတ်ရာထူးလွှဲပေးပြီး သူကတော့ ရသေ့ဝတ်သွားပါတယ်။ ကောရလမ္ဗဟာ ပုရောဟိတ်ရာထူးကို မရတဲ့အတွက် နောင်တော်ကို မကြည်ပါဘူး၊ ဒါကြောင့် သူငယ်ချင်းဘုရင်နဲ့ သူပရောဟိတ်ဖြစ်ဖို့ တိုင်ပင်ပါတယ်။
စေတိယမင်းကလည်း ကျောင်းတုံးက ပေးထားတဲ့ ကတိစကားအရ ကူညီဖို့သဘောတူပါတယ်။
"ကောရလမ္ဗ ... ရာထူးအတွက်မပူနဲ့၊ ငါကိုယ်တိုင် ပရိတ်သတ်အလယ်မှာ သင့်ကို အစ်ကိုကြီး၊ သင့်ရဲ့နောင်တော်ကို အငယ်လို့ လိမ်ပြောမယ်။ ဒီလိုဆိုရင် သင်ကအကြီးဖြစ်တဲ့အတွက် ရာထူးဆက်ခံခွင့်ရသွားပီ" လို့အကြံရပြီး သဘောတူကြတယ်။
မင်းကြီး ဘယ်တော့ပြောမှာလဲလို့ မေးတော့..
ဒီနေ့ကစပြီး နောက်ခုနစ်ရက်မြောက်မှာပြောမယ် လို့ မင်းကြီးကသဘောတူတယ်။
ဒီသတင်းဟာ တစ်မြို့လုံးပျံ့နှံ့သွားတော့ ဘုရင်ကပြောမယ့်မုသားစကားဟာ ဘယ်လိုပါလိမ့်၊ ဖြူဖြူလား၊ မဲမဲလား ဆိုပြီးစိတ်ဝင်စားလို့ အဲဒီနေ့မှာ လူတွေကြိတ်ကြိတ်တိုး စည်ကားစွာနဲ့ လာကြည့်ကြတယ်။
မုသားပြောမယ့်နေ့ရောက်တော့ ရသေ့ဝတ်သွားတဲ့ ပုရောဟိတ်ဟောင်းကလည်း ဈာန်အဘိညာဉ်ရထားပြီဖြစ်လို့ ကောင်းကင်ခရီးဖြင့် ရောက်ရှိလာတယ်။ သူကပဲ စမေးပါတယ်။
အရှင်မင်းကြီး အငယ်ကိုအကြီး၊ အကြီးကိုအငယ်လို့ လိမ်ပြောမယ်ဆိုတာ ဟုတ်ပါသလားလို့ မေးပါတယ်။
မှန်ပါတယ် လို့ မင်းကြီးကဖြေပါတယ်။
"မင်းမြတ် ... မုသာဝါဒဟာ အလွန်အပြစ်ကြီးပါတယ်။ ရှိသမျှဂုဏ်ကိုဖျက်ဆီးတတ်တယ်၊ အပါယ်သို့လည်ချတတ်တယ်။ မုသားပြောသူုကို ကိုယ်စောင့်နတ်တွေက မစောင့်ရှောက်ဖူး၊ ခံတွင်းက အပုပ်နံ့လည်းထွက်တတ်ပါတယ်။ ရာထူးစည်းစိမ်မှလည်းလျှောကျတတ်ပါတယ်" လို့ ရသေ့ကဆုံးမပါတယ်။
ဒီစကားကို ရှင်ဘုရင်ကြားရတော့ နည်းနည်းတော့ကြောက်ရွံ့သွားတယ်။ သူ့ရဲ့သူငယ်ချင်းကို လှမ်းကြည့်တော့ ကောရလမ္ဗက မကြောက်ဖို့အားပေးတယ်။ ဒီတော့မှ ဘုရင်လည်း၇ဲတင်းလာကာ ...
"အရှင်ရသေ့ အရှင်က အငယ်၊ ကောရလမ္ဗကအကြီးဖြစ်တယ်" လို့ပြောချလိုက်ပါတယ်။
ဒီစကားဟာ ယခုကမ္ဘာမှာ ပထမဦးဆုံးပေါ်လာတဲ့ လိမ်ပြောတဲ့စကားဖြစ်ပါတယ်။
အဲလို မုသားပြောလိုက်တာနဲ့တစ်ပြိုင်နက် ဘုရင်ကိုစောင့်တဲ့ သက်တော်စောင့်နတ်လေးပါးတို့ဟာ သန်လျှက်များကို ပစ်ချပြီး ကွယ်ပျောက်သွားကြတယ်။ ဘုရင်ရဲ့ခံတွင်းမှ ကြားညိုသင်းနဲ့ဟာပျောက်ကွယ်ပြီး အပုပ်နဲ့ထွက်လာတယ်၊ ခန္ဓာကိုယ်ကထွက်တဲ့ စန္ဒကူးနံ့လည်းကွယ်ပြီး အိမ်သာနံ့ကြီး ပေါ်ထွက်လာတယ်။
ဒါနဲ့ရသေ့က ဘုရင်ကို ဂရုဏာသက်ပြီး "မင်းမြတ် မုသားမပြောပါနဲ့၊ အမှန်ကိုပြင်ပြောရင် အရင်အတိုင်း တန်ခိုးများပြန်ရလာပါလိမ့်မယ်" လို့သတိပေးပါတယ်။
ရှင်ဘုရင်လည်း ကောရလမ္ဗအားပေးထားတဲ့ကတိအတိုင်း ကျားမြီးဆွဲမိသူလို ၊ တစ်ခါခြံခုန်ဖူးတော့ ထပ်ခုန်ဖို့ ၀န်မလေးတဲ့သူလို မုသားစကားကို ဒုတိယအကြိမ်ပြောပြန်တယ်။
"အရှင်ရသေ့တို့က ကျွန်ုပ်ကို တန်ခိုးနဲ့ လှည့်ပတ်ကြတယ်၊ ကျွန်ုပ်နောက်ဆုတ်မှာမဟုတ်ဘူး၊ သင်ရသေ့က အငယ်၊ ကောရလမ္ဗကအကြီးဖြစ်ပါတယ်" လို့ထပ်လိမ်ပြောပြန်တယ်။
ဒီအခါမှာတော့ ဘုရင်ရဲ့ ခြေနှစ်ချောင်းဟာ ခြေမျက်စိအထိ မြေထဲသို့မြှုပ်ဝင်သွားတယ်။ ဘုရင်ကိုမြေစမြိုနေပါပြီ။
ရသေ့က-
"မင်းမြတ် မုသားမပြောပါနဲ့ မုသားပြောရင် မိုးလေ၀သမမှန်မကန်ဖြစ်ပြီး သတ္တ၀ါများဆင်းရဲတတ်ပါတယ်။ မှန်မှန်ပြောပါ၊ ဘယ်သူကအကြီးလဲ"
ရှင်ဘုရင်က "ငါ့နန်းငါထိုင် မခိုင်ကျိုးဟ" ဆိုတဲ့သဘောနဲ့ "သင်ကအငယ်၊ ကောရလမ္ဗက အကြီးပဲ" လို့ တတိယအကြိမ်မုသားပြောပါတယ်။ ဒီအကြိမ်မှာတော့ ဒူးဆစ်အထိ မြေကြီးထဲမြှုပ်သွားပါတယ်။
ဒီလိုနဲ့ စေတိယမင်းဟာ မုသားစကားကို ခုနစ်ကြိမ်ထိမြောက်ပြောပြီးတဲ့အခါမှာတော့ အ၀ိစိကမီးတောက်တွေတက်လာပြီး သူ့ကိုဆွဲယူသွားပါတော့တယ်။
အဲဒီအချိန်တုံးက တစ်လောကလုံး သန့်ရှင်းနေတဲ့အချိန်သူကျူးလွန်တဲ့အပြစ်ဟာပထမဆုံးဖြစ်တဲ့အတွက် မုသာဝါဒကံကျူးလွန်ရုံနဲ့ မြေမြိုပြီး အ၀ီစိကျရတာပါ။ အဲဒီနောက် လူတွေ တစ်စ တစ်စ လူတွေကျိုးလွန်လာကြလို့ သက်တမ်းတွေဆုတ်ယုတ်လာပါတယ်။ ရောဂါတွေထူပြောလာပါတယ်။
ခုဆိုရင် မုသာဝါဒကို သာမန်လိုသဘောထားပြောနေကြပါတယ်။ ဒါပေမယ့် ချက်ချင်းအ၀ီစိမကျတာကတော့ မဲညစ်နေတဲ့ လက်နှီးစုတ်မှာ ထပ်စွန်းလည်း သိပ်မသိသာသလို၊ အကုသိုလ်များတဲ့သူတွေမှာ မုသာဝါဒတစ်ခုတိုးလို့ ထူးခြားစွာချက်ချင်းအကျိုးမပေးသလိုပါ။ ဒါပေမယ့် အကြောင်းသင့်တဲ့အချိန် အကျိုးပေးဦးမှာ သေချာပါတယ်။
ဒီအကြောင်းကို အဋ္ဌကနိပါတ်၊ စေတိယဇာတ်မှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တာပါ...။
.........................
အတ္တ
၁၊ ဗုဒ္ဓပညာ (ရွှေညဝါ) နန္ဒာသိန်းဇံ
၂၊ အမေစားသော ထမင်းတစ်နပ် ဦးသုခ
၃၊ အဘိဓမ္မာမှပေးသော ဘဝအမြင် (ရွှေညဝါ)ဒေါက်တာ မင်းတင်မွန်
၎၊ တန်ဖိုးရှိတဲ့လူ (မော်လမြိုင် ) အတ္တကျော်
၅၊ စိတ်မျက်စိကို ဖွင့်ရအောင် အတ္တကျော်
၆၊ ကနောင်အလွမ်း၊ ထူးဆန်းထွေလာမြေကမ္တွာ(ကနောင်) အောင်ကျော်ဆန်း
၇၊ ရေးသူ၏ ပရိယာယ်၊ ဖတ်သူ၏ ခံစားမှု (ရိုင်းဟုတ်) အောင်ပြည့်
၈၊ လူနှင့် ပညာ (ဟင်္သာတ) အောင်သင်း
၉၊ လူငယ်တွေနဲ့ အနာဂတ် (ကျောက်ပန်းတောင်း) အောင်သင်း
၁ဝ၊ အမွေ (YMCA) အောင်သင်း
၁၁၊ ခေါင်းဆောင်ဆိုတာ အောင်သင်း
၁၂၊ လက်ခံလိုက်စမ်းပါ (စာပေလောက) အောင်သင်း
၁၃၊ လူနှင့် ပညာ (အသုတ်) အောင်သင်း
၁၄၊ ပညာ (မုံရွာ) အောင်သင်း
၁၅ ယနေ့လူငယ်နှင့် ယနေ့ရသစာပေ (မကွေး) အောင်သင်း
၁၆၊ ယနေ့ လူငယ် ဘ0xlaxာင်မှု (ပျော်ဘွယ်) အောင်သင်း
၁၇၊ ဗမာတွေ ပျော်ကြပါစေ (ကနောင်) အော်ပီကျယ်
၁၈၊ ဗမာတွေ ပျော်ကြပါစေ ( စင်္ကာပူ ၂ဝ၁ဝ) အော်ပီကျယ်
၁၉၊ အသိပညာဖြင့် မောင်းနှင်သော (ဟင်္သာတ) အော်ပီကျယ်
၂ဝ၊ အသိပညာဖြင့် မောင်းနှင်သော (အောင်လံ) အော်ပီကျယ်
၂၁၊ အသိပညာဖြင့် မောင်းနှင်သော (မော်လမြိုင်) အော်ပီကျယ်
၂၂၊ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရ (UAE) အော်ပီကျယ်
၂၃၊ ဘဝအရေးနှင့် ကာတွန်းအတွေး (အသုတ်) အော်ပီကျယ်
၂၄၊ လူသစ် စိတ်သစ် (အုန်းနှဲ) ချစ်နိုင် (စိတ်ပညာ)
၂၅၊ စကားလက်ဆောင် (ရှိုင်းဟုတ်) ချစ်နိုင် (စိတ်ပညာ)
၂၆၊ ၂၁ ရာစု၏ စိမ်ခေါ်မှုကို ရင်ဆိုင်ခြင်း (ရှိုင်းဟုတ်) ချစ်ဦးညို
၂၇၊ အနုပညာဖန်တီးသူနှင့် အနုပညာခံစားသူ (စင်္ကာပူ) ချစ်ဦးညို
၂၈၊ သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်း) ချစ်ဦးညို
၂၉၊ ကျွန်တော် ခံစားမိသလို ပြောဆိုပါမည် - ၂ (မြောင်းတကာ) ချစ်ဦးညို
၃ဝ၊ သို့ မော်လမြိုင်၊ မှ ချစ်ဦးညို ချစ်ဦးညို
၃၁၊ ကျွန်တော်ခံစားမိသလို ပြောဆိုပါမည် (မြင်းခြံ) ချစ်ဦးညို
၃၂၊ သို့ အုန်းနှဲ၊ မှ ချစ်ဦးညို ချစ်ဦးညို
၃၃၊ သို့ တောင်ငူ၊ မှ ချစ်ဦးညို (တောင်ငူ) ချစ်ဦးညို
၃၄၊ ဇရပ်ကုန်းအတွက် စာပေလက်ဆောင် (မြောင်) ချစ်ဦးညို
၃၅၊ အနုပညာ ဖန်တီးသူနှင့် အနုပညာ ခံစားသူ (အသုတ်) ချစ်ဦးညို
၃၆၊ နည်းပညာ (ရွှေညဝါ) ချစ်ဦးညို
၃၇၊ အမေဟူသည် အလွမ်းသည် ချစ်စံဝင်း
၃၈၊ စိတ်ဓါတ်ြုပပြင် ပြောင်းလဲမြှင့်တင်ရေး ဒေါက်တာ ခင်မောင်ညို
၃၉၊ လူတိုင်းအတွက် အသုံးချစိတ်ပညာ (ရှိုင်းဟုတ်) ဒေါက်တာ ကျော်စိန်
၎ဝ၊ ဟန်ချက်ညီ စိတ်ထား (ရှိုင်းဟုတ်) ဒေါက်တာ သိန်းလွင်
၄၁၊ ရယ်စရာ မောစရာ (ရှိုင်းဟုတ်) အီကြာကွေး
၄၂၊ အသိပညာဖြင့်ြုပပြင်ပြောင်းလဲရမည့် ဤကမ္ဘာ ဟိန်းလတ်
၄၃၊ ဆဒ္ဒန်ဆင်မင်းဇတ်မှ လူ့သဘာဝ (မော်လမြိုင်) လှထွန်း (မြန်မာစာ)
၄၄၊ စိတ်ပညာနှင့် ယဉ်ကျေးမှု (ရှိုင်းဟုတ်) သိပ္ပံ မှူးတင်
၄၅၊ စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂ဝဝ၉) ဂျူး
၄၆၊ ဘဝနှင့်စာပေ (မော်လမြိုင်) ဂျူး
၄၇၊ စာရေးဆရာ၏တစ်ယောက်၏ မှတ်စုများ (မြင်းခြံ) ဂျူး
၄၈၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ (တောင်ငူ) ဂျူး
၄၉။ စာဖတ်ပါ၊ တွေးပါ (ကျောက်ပန်းတောင်း) ကောင်းသန့်
၅ဝ။ စာပေရေးရာ (မြောင်းတကာ) ကောင်းသန့်
၅၁၊ ဘ၀ထဲက စာများ ခက်မာ
၅၂၊ စာပေရေးရာ (မော်လမြိုင်) ခင်ခင်ထူး
၅၃၊ အညာဓလေ့ ရွာဓလေ့ (တောင်ငူ) ခင်ခင်ထူး
၅၄၊ အမွေခံထိုက်စေ (မော်လမြိုင်) ကိုတာ
၅၅၊ ပုံပြင်များ (မော်လမြိုင်) ကျော်ရင်မြင့် (ဖေလင်းသစ်)
၅၆၊ လမ်းပေါ်မှာ(တောင်ငူ) ကျော်ရင်မြင့် (ဖေလင်းသစ်)
၅၇၊ ဘဝ အောင်မြင်ရေး (မော်လမြိုင်) ကြည်မင်း (ကျော်စောမင်း)
၅၈၊ ဗျူတီပါလာနှင့် မဟာသြသဓ (ရှိုင်းဟုတ်) ကြည်မင်း (ကျော်စောမင်း)
၅၉၊ ဘဝမှစာ၊ စာမှဘဝ (ကျောက်ပန်းတောင်း) လယ်တွင်းသား စောချစ်
၆ဝ၊ ဘဝမှစာ၊ စာမှဘဝ (တောင်ငူ) လယ်တွင်းသား စောချစ်
၆၁၊ ဘဝမှစာ၊ စာမှဘဝ (မင်္ဂလာဒုံ) လယ်တွင်းသား စောချစ်
၆၂၊ မျှတသော စိတ်ထား (ရှိုင်းဟုတ်) လယ်တွင်းသား စောချစ်
၆၃၊ စာပေနှင့် ဘဝအောင်မြင်ရေး လယ်တွင်းသား စောချစ်
၆၄၊ သန့်စင်လှပ အိမ်ရှင်မ (ရှိုင်းဟုတ်) လဲ့လဲ့တင်
၆၅၊ အမျိုးသားရေး တေးဂီတ (၂ဝဝ၉) မာမာအေး
၆၆၊ စာဖတ်ခြင်း အနုပညာ မေငြိမ်း
၆၇၊ ကျန်းမာရေး (ရှိုင်းဟုတ်) မောင်မောင်လှိုင် (အပ်စိုက်ကု)
၆၈၊ ဘဝမရှုံးသူများ (ရှိုင်းဟုတ်) မောင်စိန်ထွေး
၆၉၊ သုတရသစာပေ (ကျောက်ပန်းတောင်း) မောင်စိန်ဝင်း (ပုတီးကုန်း)
၇ဝ၊ ရသစာပေ (စင်္ကာပူ ၂ဝ၁ဝ) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၁၊ သုတရသစာပေ (မင်္ဂလာဒုံ) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၂၊ သုတရသစာပေ (မြောင်) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၃၊ ရသစာပေ (အသုတ်) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၄၊ အမျိုးသားနေ့ မောင်စွမ်းရည်
၇၅၊ ရယ်စရာ မောစရာ (ကနောင် ၂ဝ၁ဝ) မောင်သာချို
၇၆၊ နှလုံးသားကို အလှဆင်ပါ (မြောင်းတကာ ) မောင်သာချို
၇၇၊ နှလုံးသားကို အလှဆင်ပါ (မော်လမြိုင် ) မောင်သာချို
၇၈၊ နှလုံးလှပါစေ (အောင်လံ ၂ဝ၁၁) မောင်သာချို
၇၉၊ ဘဝအလှအတွက် စာအလှများ (ကျောက်ပန်းတောင်း) မောင်သာချို
၈ဝ၊ စာအလှမှ ရွာအလှသို့ (တောင်ငူ) မောင်သာချို
၈၁၊ တကယ့်လူ မောင်သာချို
၈၂၊ မိခင်ဖြစ်လာမည့် အပျိုစင်များ (ရှိုင်းဟုတ်) မြမြလှိုင်
၈၃၊ တစ်ခါသုံး လူ့အဖွဲ့အစည်း (စင်္ကာပု) နေဝင်းမြင့်
၈၄၊ စာပေရေးရာ (မော်လမြိုင်) နေဝင်းမြင့်
၈၅၊ ကျွန်တော်တို့ငယ်ငယ်က (အောင်လံ) နေဝင်းမြင့်
၈၆၊ ကျွန်တော်တို့ ငယ်ငယ်က (တောင်ငူ) နေဝင်းမြင့်
၈၇၊ ကျွန်မနှင့် စာဖတ်ခြင်း၊ စာရေးခြင်း (ကျောက်ပန်းတောင်း) နုနုရည် (အင်းဝ)
၈၈၊ ကျွန်မဖတ်တဲ့စာ၊ ကျွန်မရေးတဲ့စာ (တောင်ငူ) နုနုရည် (အင်းဝ)
၈၉၊ ရသစာပေ (အသုတ်) နုနုရည် (အင်းဝ)
၉ဝ၊ စာပေနှင့် ဘဝ နုနုရည် (အင်းဝ)
၉၁၊ စာရေးသူမှ စာဖတ်သူသို့ (ကျောက်ပန်းတောင်း) နွမ်ဂျာသိုင်း
၉၂၊ စကားလုံးများဖြင့် ကခုန်ခြင်း ငြိမ်းမင်း
၉၃၊ ဘ0xJu ဇာတ်ညွှန်း ငြိမ်းမင်း
၉၄၊ စာပေရေးရာ (မော်လမြိုင်) ဖေမြင့်
၉၅၊ မြန်မာသံ ရွှေပြည် ဦးဘတင်
၉၆၊ မျက်ကြည်လွှာ (မင်္ဂလာဒုံ) သန်းမြင့်အောင်
၉၇၊ လူမှုဘဝ လူမှုဝန်းကျင် (မြောင်) သန်းမြင့်အောင်
၉၈၊ မသိမသာ (စစ်ကိုင်း) ဦးဘုန်း (ဓါတု)
၉၉၊ ခေါင်းလောင်းသံ (မော်လမြိုင်) ဦးဘုန်း (ဓါတု)
၁ဝဝ၊ အိမ် (မြင်းခြံ) ဦးဘုန်း (ဓါတု)
၁ဝ၁၊ သရက်စေ့ (မှော်ဘီ) ဦးဘုန်း (ဓါတု)
၁ဝ၂၊ အိမ် (တောင်ငူ) ဦးဘုန်း (ဓါတု)
၁ဝ၃၊ အဖိုးပြောသော ပုံပြင်များ (မြောင်) ဦးဘုန်း (ဓါတု)
၁ဝ၄၊ သရက်စေ့ (မြောင်) ဦးဘုန်း (ဓါတု)
၁ဝ၅၊ စာကောင်းပေကောင်း (ကျောက်ပန်းတောင်း) ဦးသိန်းလွင်
၁ဝ၆၊ စာပေနှင့် အနုပညာ ဝင်းဖေ
၁ဝ၇၊ စွန့်ဦးတီထွင် (ရှိုင်းဟုတ်) ရဲမြင့်(စွန့်ဦးတီထွင်)
၁ဝ၈၊ အသက်ရှူလမ်းကြောင်း ရောဂါ (ရှိုင်းဟုတ်) ဒေါက်တာ ကေသီထွန်း
၁ဝ၉၊ ကြက်၊ ငှက်တုပ်ကွေးရောဂါ (ရှိုင်းဟုတ်) ဒေါက်တာ ခင်မောင်လွင်
၁၁ဝ သွေးဆုံးတာနဲ့ အိုရောလား (ရှိုင်းဟုတ်) ဒေါက်တာ ကျော်ညွန့်
၁၁၁၊ သင့်အရေပြားကို ဘယ်လိုကာကွယ်မလဲ ဒေါက်တာ မြင့်မြင့်ကြည်
၁၁၂၊ ကုရာနတ္တိ(ရှိုင်းဟုတ်) ဒေါက်တာ တင့်လွင်
by: Pyae Sone Aung
လက်ရွေးစင် စာပေဟောပြောပွဲ (၁၁၂ ပုဒ်)ကို ဒေါင်းရန်
ဇါတ်တော်ကြီးဆယ်ဘွဲ့ မိဘကျင့်ဝတ် ၅- ပါး သားသမီးကျင့်ဝတ် ၅-ပါး ဆရာကျင့်ဝတ် ၅-ပါး တပည့်ကျင့်ဝတ် ၅-ပါး မိတ်ဆွေကျင့်ဝတ် ၅-ပါး မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။
(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း၊
(၅) လက်ထပ်ထိမ်းမြား ပေးရခြင်း၊ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။
(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြုလုပ်ခြင်း၊
(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။
(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။
(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆိုရခြင်း ( လာမူကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)
(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတော
ကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။ ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။
(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး လင်ကျင့်ဝတ် ၅-ပါး မယားကျင့်ဝတ် ၅-ပါး အလုပ်ရှင်ကျင့်ဝတ် ၅-ပါး အလုပ်သမားကျင့်ဝတ် ၅-ပါး မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။
(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။
(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။ ၀စွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။
(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်း
အစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်
လွှတ်ရခြင်း။ အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။
(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။
Buddhism Buddhism was founded in the fourth or fifth century B.C. in northern India by a man known traditionally as Siddhartha (meaning “he who has reached the goal”) Gautama, the son of a warrior prince. Some scholars believe that he lived from 563 to 483 B.C., though his exact life span is uncertain. Troubled by the inevitability of suffering in human life, he left home and a pampered life at the age of 29 to wander as an ascetic, seeking religious insight and a solution to the struggles of human existence. He passed through many trials and practiced extreme self-denial. Finally, while meditating under the bodhi tree (“tree of perfect knowledge”), he reached enlightenment and taught his followers about his new spiritual understanding. Gautama's teachings differed from the Hindu faith prevalent in India at the time. Whereas in Hinduism the Brahmin caste alone performed religious functions and attained the highest spiritual understanding, Gautama's beliefs were more egalitarian, accessible to all who wished to be enlightened. At the core of his understanding were the Four Noble Truths: (1) all living beings suffer; (2) the origin of this suffering is desire—for material possessions, power, and so on; (3) desire can be overcome; and (4) there is a path that leads to release from desire. This way is called the Noble Eightfold Path: right views, right intention, right speech, right action, right livelihood, right effort, right concentration, and right ecstasy. Gautama promoted the concept of anatman (that a person has no actual self) and the idea that existence is characterized by impermanence. This realization helps one let go of desire for transient things. Still, Gautama did not recommend extreme self-denial but rather a disciplined life called the Middle Way. Like the Hindus, he believed that existence consisted of reincarnation, a cycle of birth and death. He held that it could be broken only by reaching complete detachment from worldly cares. Then the soul could be released into nirvana (literally “blowing out”)—an indescribable state of total transcendence. Gautama traveled to preach the dharma (sacred truth) and was recognized as the Buddha (enlightened one). After his death his followers continued to develop doctrine and practice, which came to center on the Three Jewels: the dharma (the sacred teachings of Buddhism), the sangha (the community of followers, which now includes nuns, monks, and laity), and the Buddha. Under the patronage of the Mauryan emperor Ashoka (third century B.C.), Buddhism spread throughout India and to other parts of Asia. Monasteries were established, as well as temples dedicated to Buddha; at shrines his relics were venerated. Though by the fourth century A.D. Buddhist presence in India had dwindled, it flourished in other parts of Asia. Numerous Buddhist sects have emerged. The oldest, called the Theravada (Way of the Elders) tradition, interprets Buddha as a great sage but not a deity. It emphasizes meditation and ritual practices that help the individual become an arhat, an enlightened being. Its followers emphasize the authority of the earliest Buddhist scriptures, the Tripitaka (Three Baskets), a compilation of sermons, rules for celibates, and doctrine. This sect is prevalent in Southeast Asia and Sri Lanka. It is sometimes called the Hinayana (Lesser Vehicle) tradition (once considered a pejorative term). Between the second century B.C. and the second century A.D., the Mahayana (Greater Vehicle) tradition refocused Buddhism to concentrate less on individual attainment of enlightenment and more on concern for humanity. It promotes the ideal of the bodhisattva (enlightened being), who shuns entering nirvana until all sentient beings can do so as well, willingly remaining in the painful cycle of birth and death to perform works of compassion. Members of this tradition conceive of Buddha as an eternal being to whom prayers can be made; other Buddhas are revered as well, adding a polytheistic dimension to the religion. Numerous sects have developed from the Mahayana tradition, which has been influential in China, Korea, and Japan. A third broad tradition, variously called Vajrayana (Diamond Vehicle), Mantrayana (Vehicle of the Mantra), or Tantric Buddhism, offers a quicker, more demanding way to achieve nirvana. Because of its level of challenge—enabling one to reach enlightenment in one lifetime—it requires the guidance of a spiritual leader. It is most prominent in Tibet and Mongolia. Zen Buddhism encourages individuals to seek the Buddha nature within themselves and to practice a disciplined form of sitting meditation in order to reach satori—spiritual enlightenment.
...................
http://www.myanmartraining.com
ဒေသနာကြား- အာပတ်ဖြေ သံဃာချင်း ဒေသနာကြား (အာပတ်ဖြေ) ပုံ
''သင်တို့ ဘုရားမနှစ်သက်တာ လုပ်လျှင် ဆောင့်ကြောင့်ထိုင်ရမည်''
ရဟန်းငယ်က ရဟန်းကြီးထံ ဒေသနာကြားပုံ
((အာပတ်)) အပြစ်သို့ရောက်ခြင်း
အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
အရှင်ဘုရား တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။
အကြီး။ ။ သာဓု သာဓု သာဓု။
ကောင်းပြီ ကောင်းပြီ ကောင်းပြီ။
အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပတိဒေသေမိ။
တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အာပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။
အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုရှုပါ၏လော။
အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။
အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
ငါ့ရှင်နောင်ကို စောင့်ထိန်းပါလော့။
အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင့်ထိန်းပါမည်။
အကြီး။ ။ သာဓု သာဓု သာဓု။
ကောင်းပြီ ကောင်းပြီ ကောင်းပြီ။
----------------------------------------------
ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
((အာပတ်)) အပြစ်သို့ရောက်ခြင်း
အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။
အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။
အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပတိဒေသေမိ။
တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။
အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုရှုပါ၏လော။
အကြီး။ ။ အာမ အာဝုသော ပဿာမိ။
မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။
အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။
အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။
အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။
မွေးဖွားလာတယ်ဆိုတာ ရေစက်ရှိသူတွေ စုံဆည်းနိုင်ဖို့အတွက်ပါ၊ ကောင်းသောဆုံတွေ့ခြင်းဟာ ဘဝအတွက် အမှတ်တရဖြစ်စေပြီး ၊ မကေင်းတဲ့ ဆုံဆည်းခြင်းဟာ ဘဝအတွက် အမှတ်တမဲ့ ဖြစ်စေပါတယ်။