တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ ၏ သြဝါဒကထာ
ပုထုဇဉ်ဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မိစ္ဆရိယ အစရှိသော ကိလေသာ အကုသိုလ်တို့ အပြည့်အဝ ရှိနေခြင်းကြောင့် အမှားနှင့် မကင်းနိုင်ပါပေ။ သို့သော် အမှားတွေ့တိုင်း ပြဿနာလုပ်ကြစတမ်းဆိုလျှင် အဖွဲ့အစည်းလုပ်ငန်း မည့်သို့မျှ အောင်မြင်မှု ရနိုင်မည်မဟုတ်ပါ။ အောင်မြင်မှု ရလိုလျှင် အမှားကိုသည်းခံ ခွင့်လွှတ်နိုင်ဖို့ လိုအပ်ပေသည်။ အမှားဟူသည်မှာလည်း…
၁။ ခွင့်မလွှတ်နိုင်သော အမှားကြီးနှင့်
၂။ ခွင့်လွှတ်သည်းခံလို့ရသည့် အမှားငယ်ဟူ၍ ရှိရာ အမှားကြီးလျှင် “သဗ္ဗေသတ္တာ ကမ္မသကာ”ဟု သဘောထားကာ စည်းကမ်းအရ ဆောင်ရွက်သင့်သည်။ အမှားငယ်ကိုမူကား သည်းခံခွင့်လွှတ်ခြင်းဖြင့် ဆက်လက်လက်တွဲသင့်လှပေသည်။ သို့ဖြစ်၍ အဖွဲ့အစည်း တစ်ရပ်၏ အောင်မြင်ကြောင်းတွင် အင်္ဂါရပ်အဖြစ်ဖြင့် ခန္ဓီဂုဏ်ကို ဥပေက္ခာမပြုသင့်ပေ။ မည်သို့ပင်ဖြစ်စေ သည်းခံခွင့်လွှတ်ခြင်းသည် သာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
MMSA ဘလော့စည်းမျဉ်းများ
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊
အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်
ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ
“အနာယကော ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကော” အသင်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်တယ်ဆိုရင် အဲဒီအဖွဲ့ကို လမ်းညွန်ပေးနိုင်တဲ့ ဘက်စုံအရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်နာယကပုဂ္ဂိုလ်တွေ မလွဲမသွေရှိရမယ်။ အသင်းအဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့နိုင်ဖို့နဲ့ လုပ်ဆောင်တဲ့ ကိစ္စအဝဝတို့ အစဉ်ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ဦးစီးနာယက ခေါင်းဆောင်တွေက နာယက (လူကြီး)ရောဂါ မထသင့်ဘူး။ စေတနာ၊ ဝါသနာ၊ အနစ်နာသုံးပါးလုံး ပြည့်စုံကြဖို့ အလွန်လိုအပ်သလို အသင်းအဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်းတို့ဟာလည်း (သာမဂ္ဂီသုခ) ညီညွတ်မှုကို မရ, ရအောင် တည်ဆောက်ကြရမယ်။
“ḩာဏ်ရှိယောင်္ကျား၊ မှားလတ်သောအခါ၊ ဆေးလွန်နာကို၊ ဆရာနောင်ဆက်၊ အကုခတ်သို့၊ ပျက်သာအမြဲ၊ ပြင်နိုင်ခဲ၏” ဆိုတဲ့အတိုင်း လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ ပြင်မရ၊ ပျက်မရ၊ ကုစားမရတဲ့ အမှားအယွင်းတွေ မပြုလုပ်မိဖို့ သတိကြီးစွာ ထား၍ ဆောင်ရွက်ကြပါ။
“ညီညွတ်သူဆောင်၊ ကြံတိုင်းအောင်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြပြီး “ပကောပကာရတ္ထ၊ မိဒံသရီရံ” မိမိတို့ရရှိထားကြတဲ့ ဘဝခန္ဓာကိုယ်ဟာ သာသနာအတွက်သာ ဖြစ်ရမည် ဆိုတဲ့ သန္နိဋ္ဌာန် ချပြီး ကြီုးစားအားထုတ် ဆောင်ရွက်ကြပါ။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့
သဒ္ဓမ္မဂရု (ပုသိမ်)ကျောင်းတိုက်
ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ၊ နိုင်ငံတော်သံဃာ့မဟာနာယက) ၏ သြဝါဒကထာ
၁။ မိမိကြောင့် သူတပါးမနစ်နာစေနှင့်။
၂။ ဂုဏ်ပကာသနကို မျှော်၍ အလုပ်မလုပ်နှင့်။
၃။ အရာရာမှာ ကုသိုလ်ဖြစ်အောင်လုပ်ပါ။
၎။ ရိုသေလေးစား မြတ်နိုးမှုကို ပြု၍ ဆက်ဆံပါ။
၅။ သူတစ်ပါးကို အနိုင်ယူခြင်းထက် ကူညီခြင်းသည် အကျိုးများသည်။
၆။ အပြစ်ပေးခြင်းထက် ပြုပြင်ပေးခြင်းသည် သာ၍ကောင်းသည်။
၇။ ပညာရှိခြင်း အာဏာရှိခြင်းသည် သူတပါးကို အနိုင်ကျင့်ရန်မဟုတ်၊ အကျိုးပြုရန်သာဖြစ်သည်။
၈။ ယဉ်ကျေးသောပုဂ္ဂိုလ်၊ လူမျိုးတို့သည် အရာရာမှာ အထက်တန်းကျ၍ တိုးတက်အောင်မြင်သည်။
၉။ လာဘ်လာဘကို မျှော်၍ ကူညီခြင်းထက် စေတနာထား၍ ကူညီခြင်းသည် အကျိုးများသည်။
သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာ တွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တ၇ားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှ ပါတယ်။
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။ ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကား တွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့
ဘာအကျိုးရှိမှာလဲ။ ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေ မေးတက်တဲ့ မေးခွန်းတွေပဲ။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော...
မေး ။ ။ အမျိုးသားများသည် လင်ရှိမယားကို ကျူးလွန်၍ ကာမေသုမိစ္ဆာစာရထိုက်သကဲ့သို့
အမျိုးသမီးများသည် မယားရှိလင်နှင့် ကျူးလွန်က ကာမေသုမိစ္ဆာစာရ ထိုက်ပါသလားဘုရား။
ကာမေသုမိစ္ဆာစာရနှင့် ဒု သ န သော မည်သို့ထူးပါသလဲဘုရား။
ဒု သ န သော အဓိပ္ပါယ်ကိုလည်း သိလိုပါသည်ဘုရား။
( မောင်လေးမြင့်-ဥက္ကံမြို့ )။ ဦးဝင်းဆွေ-ညောင်ရွှေမြို့ )။ ဦးစောထွန်း-တောင်သာမြို့ )။
ကျွန်ုပ်တို့သည် နေ့စဉ် ညစဉ် ရှိခိုးဝတ်ပြုကြရာ၌ မဂ်တရား ဖိုလ်တရား
နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏-ဟု အမြဲဆုတောင်းကြသည်။ ဆရာတော်များထံ
သီလခံယူရာ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတို့ကို မပင်မပန်း
ချမ်းသာလွယ်ကူစွာ ကြိုးစားအားထုတ်နိုင်ကြစေ-ဟုနှိုးဆော် ဆုပေးတော်မူကြသည်။
ထိုလိုလားတောင်းတသော ဆုကြီးကို ရယူရန်မှာ ယခုအချိန်သည် အကောင်းဆုံးအချိန်
ဖြစ်ပါ၏။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဒုလ္လဘာ သမ္ပတ္တိလေးပါးကို
ကိုယ်စီရရှိနေကြပါသည်။
ရတနာသုံးပါးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပါပဲလေ… သို့ပေမယ့်လည်း
ခုလိုဥပမာ တင်စား ခိုင်းနှိုင်း ထပ်တူပြုလို့ အလင်္ကာမြောက်အောင်
ဖွဲ့ထားတာလေးတွေကိုတော့ သိတဲ့သူ ရှားပါလိမ့်မယ်…။
(၁) ငွေလစန္ဒာ ဥပမာ
ကျွန်တော်တို့ရဲ့
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လပြည့်ဝန်းကြီးနဲ့
ပမာတင်စားလိုက်ကြပါစို့။ ဒီအခါမှာ တရားဓမ္မတွေက အဲဒီလပြည့်ဝန်းကြီးက
ဖြန့်ကျက်လိုက်တဲ့ လရောင်ပါတဲ့။ အဲဒီလရောင်ကြောင့် ထွန်းလင်းခွင့်
ရရှိသွားတဲ့ ဤလောက မြေကမ္ဘာကြီးကတော့ သံဃာတော် အရှင်သူမြတ်အပေါင်းတို့ ပါတဲ့
မိတ်ဆွေတို့…။
တခါတလေ လူတွေကခရီးသွားကြသည်။ ခရီးသွားခြင်း၏ တန်ဖိုးကို စာရေးသူသည် ငယ်ငယ်က နားမလည်ခဲပေဘူး။ အခုတာ့ရင်ဖြင့် အသက်အရွယ်ကလည်းရလာ ၊ ပြီးတော့ လူတွေဘာရည်ရွယ်ချက်ကြောင့် ခရီးသွားလာကြလေဘိသနည်းဆိုတာကို စိဉ်းစားမိလာတော့သည်။ ခရီးသွားလာကြတဲ့လူတွေကိုလည်းမေးကြည့်လေတော့ သူတို့တစ်ထွေက ပြောကြသည်မှာ ၊ ခရီးသွားရခြင့် နေရာအသစ်ကို ရောက်ရခြင်း၊ ဗဟုသုတ အသစ်အဆန်းတွေရခြင်း၊ အတွေ့အကြုံ ၊ လူနေမှုစနစ်စသည်... စသည်အားဖြင့် များစွာသော အရာတွေကိုတွေ့ကြုံကြရသည်။ လေ့လာရသည်။ မြင်တွေ့ကြရသည်။
ပါဠိစာပေကို
ငါသင်ဘူးသည်။ ငါနှစ်သက်မိခဲ့သော ပါဠိစကားလုံးလေးတွေ မြောက်များစွာရှိသည်၊
ပါဠိစာပေမှာ အချို့စကားလုံးတွေက စိတ်ဝင်စားစရာကောင်းသည်။ အချို့
ပါဠိစကားလုံးတွေကို မြန်မာစာပေမှာ တိုက်ရိုက်သုံးသည်။ ဥပမာ သဒ္ဓါ၊ စေတနာ၊
မေတ္တာ၊ ကရုဏာတို့ဖြစ်သည်။ အချို့စကားတွေကို မြန်မာသတ်ပြုထားသည်။ ဥပမာ
ဘုန်းကံ၊ ကုသိုလ်၊ အကုသိုလ်တို့ဖြစ်သည်။ တစ်ချို့ပါဠိတွေကို
မြန်မာမှုပြန်နေမည့်အစား တိုက်ရိုက်ယူသုံးခြင်းက ပိုကောင်းသည်။
အဓိပ္ပါယ်ထိမိသည်။ ငုံမိသည်။ ဆိုလိုရင်းကို တိုက်ရိုက်ရောက်သည်။ စကားကိုလဲ
ပိုလေးနက်စေသည်။