MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊
(၁၁၉)။ မိန်းမနှင့် နှီးနှောသောရဟန်း၌ အဘယ်မှာ သီလရှိအံ့နည်း။ အသားစားကြူးသောသူ၌ အဘယ်မှာ သနားရှိအံ့နည်း။ သေသောက်ကြူးသည့်သူ၌ အဘယ်မှာ စကားမှန်အံ့နည်း။ အလိုရမ္မက်ကြီးသောသူ၌ အဘယ်မှာ အရှက်ရှိအံ့နည်း။ အပျင်းကြီးသောသူ၌ အဘယ်မှာ အတတ်ရှိအံ့နည်း။ အမျက်ကြီးသောသူ၌ အဘယ်မှာ ဥစ္စာရှိအံ့နည်း။ (၁၂၀)။ သေသောက်ကြူးသောသူသည်လည်းကောင်း၊ အခါမဟုတ်သည်၌ သွားလေ့ရှိသောသူသည်လည်းကောင်း၊ သဘင်အသွားများသော သူသည်လည်းကောင်း၊ ကြွေအန် အစရှိသော လောင်းကစားကြူးသောသူသည်လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိသောသူသည်လည်းကောင်း ပျင်းရိဖင့်နွဲ့သော သူသည်လည်းကောင်း၊ ဤသူတို့ကား...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Tuesday, 28 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
(၁၀၅)။ မင်းကား တစ်ယာမ်သာ အိပ်ရာ၏။ ပညာရှိကား နှစ်ယာမ်သာအိပ်ရာ၏။ အိမ်ရာထောင်သောလူ အပေါင်းကား သုံးယာမ်သာ အိပ်ရာ၏။ ဖုန်းတောင်းယာစကာကား လေးယာမ်လုံးသာလျှင် အိပ်ရာ၏။ (၁၀၆)။ အကြင်အရပ်၌ ဥစ္စာရှိသောသူသည်လည်းကောင်း၊ အကြားအမြင်များသော ပညာရှိသည်လည်းကောင်း၊ မင်းသည်လည်းကောင်း၊ မြစ်သည်လည်းကောင်း၊ ဆေးသမားသည်လည်းကောင်း၊ ဤငါးပါးတို့သည် မရှိကုန်။ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။ (၁၀၇)။ အကြင်အရပ်၌ မြတ်နိုးခြင်းလည်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်းမရှိ၊ တစ်စုံတစ်ယောက်မျှ အတတ်ပညာ သင်စိမ့်သော သူလည်းမရှိ၊ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။ (၁၀၈)။...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
(၈၈)။ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်ကား အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။ (၈၉)။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။ ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏ ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။ (၉၀)။ ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင် တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တ၀ါတို့သည်ကား ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား လင်သားရှိမှ တင့်တယ်ကုန်၏။ (၉၁)။...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
(၇၃)။ စီးပွားကိုဆောင်သည်ရှိသော် သူတစ်ပါးသည်လည်း အဆွေမည်၏။ စီးပွားကို မဆောင်မူ အဆွေသည်လည်း သူတစ်ပါးမည်၏။ အနာသည် ကိုယ်၌ဖြစ်လျက် စီးပွားကိုမဆောင်လေ။ ဆေးကား တော၌ဖြစ်လျက် စီးပွားကို ဆောင်လေသလျှင်ကတည်း။ (၇၄)။ မျက်ကွယ်၌ ကျေးဇူးကို ချေတတ်သော၊ မျက်မှောက်၌ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ထိုသို့သဘောရှိသော အဆွေခင်ပွန်းကို အဆိပ်အိုး၌ ပျားတို့ကြဉ်ရာသကဲ့သို့ ကြဉ်ရာ၏။ (၇၅)။ ဥစ္စာတည်းယုတ်မူကား အဆွေခင်ပွန်းသည် စွန့်တတ်၏။ သားမယားတို့သည် လည်းကောင်း၊ ညီသား အစ်ကိုတို့သည် လည်းကောင်း၊ စွန့်တတ်ကုန်၏။ ဥစ္စာရှိသောသူတို့ကိုသာလျှင် မှီဝဲကုန်၏။ ထို့ကြောင့်...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
(၆၄)။ မြွေသည် အမျက်လွန်၏။ သူယုတ်သည်လည်း အမျက်လွန်၏။ မြွေထက် သူယုတ်သည်ကား အမျက်လွန်၏။ ထိုမြွေကိုကား မန္တယားဆေးဝါးတို့ဖြင့် ငြိမ်းစေနိုင်၏။ သူယုတ်ကိုကား အဘယ်မည်သော ဆေးဖြင့် ငြိမ်းစေနိုင်အံ့နည်း။ (၆၅)။ အကြင်လူမိုက်သည် မိမိမိုက်သောအဖြစ်ကို သိ၏။ ထိုသို့သိခြင်းကြောင့် ထိုသို့ မိုက်သောသူဖြစ်လျက်လည်း ပညာရှိမည်၏။ အကြင်လူမိုက်သည်ကား မိုက်လျက်လျှင် မိမိကိုယ်ကို ပညာရှိဟု ထင်၏။ ထိုသူမိုက်သည်သာလျှင် စင်စစ် သူမိုက်ဟူ၍ ဆိုအပ်၏။ (၆၆)။ သူမိုက်သည် အကြင်မျှလောက် မိမိပြုသောမကောင်းမှုသည် အကျိုးမပေးသေး။ ထိုမျှလောက်ပျားရည်ကဲ့သို့ အောက်မေ့တတ်၏။ အကြင်အခါ၌ကား...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
(၃၇)။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။ သူတော်ကောင်းတို့နှင့် ပေါင်းဖက်ခြင်းကို ပြုရာ၏။ သူတော်ကောင်းတို့၏ တရားကိုသိ၍ မြတ်သည်ဖြစ်၏။ ယုတ်မာသည် မဖြစ်။ (၃၈)။ သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ပေါင်းဖတ်အပ်သော သူတော်ကောင်းသို့ ဆည်းကပ်လေ့။ နေ့စဉ်ပတ်လုံး ကောင်းမှုကို ပြုလော့။ သင်္ခါရတရားတို့၏ မမြဲသောအဖြစ်ကို အမြဲအောက်မေ့လော့။ (၃၉)။ ရေသဖန်းသီးမှည့်တို့သည် နီစွာသာလျှင်ကတည်း။ အတွင်း၌ကား ပိုးအတိပြည့်ကုန်သည်ဖြစ်သကဲ့သို့ ထို့အတူ သူယုတ်တို့၏ နှလုံးတို့သည် ဖြစ်ကုန်၏။ (၄၀)။ ပိန္နဲသီးတို့သည်ကား အပ၌ ဆူသာထင်ကုန်၏ အတွင်း၌ကား...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။ (၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။ (၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့်...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
'နီတိ' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။ လောကနီတိသည် ဘုရားဟောဟု မဆိုနိုင်သော်လည်း...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
Chiang Mai DEC 24.2010 (MMSA) မြန်မာ ရဟန်းကျောင်းသားများ အဖွဲ့ (Mahachulalongkorn.University, Chiang Mai, Thai) မှ သံဃာတော်များသည် 15 , Dec,2010 နေ့မှ စတင်သော တရားထိုင်ခရီး (meditation retreat )ထွက်ကြသော မဟာချူလာ ကျောင်းသား ဓမ္မယောဂီများအတွက် အစစ အရာရာ ဆောင်ရွက်ပါရမီ ဖြည့်ပေးသော Sanyato (သညတော) ဓမ္မရိပ်သာ၌ ဆွမ်းပဒေသာပင်အဖြစ် ဘတ်ငွေ (3000)ကို ဓမ္မရိပ်သာဆိုင်ရာ ယာယီ တာဝန်ခံ ဆရာ Visuttichai သို့ အဖွဲ့ဝင်များကိုယ်စား ဦးဝရသာမိလှူဒါန်းခဲ့ကြောင်း...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Sunday, 26 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရေးဖွဲ့တတ်သည်ကို တွေ့ ရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရေးဖွဲ့ထားသည်။ ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။ လမုချောင်းဆရာကျော်မဲ ရေးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဘုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။ ...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တ၀ါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ [1] သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပါယ်ရသည်။ ရဟန်း ၈-မျိုး သာသနာ့ဝန်ထမ်း ရဟန်းဘ၀နှင့် စပ်၍ ရဟန်းရှစ်မျိုးရှိကြောင်းကို ဦးစွာသိအပ်ပေ၏။ ၁။ ဧဟိဘိက္ခူပသမ္ပဒါ-ဗုဒ္ဓက ရဟန်း လာလော့-ဟုခေါ်ကာမျှဖြင့်...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။ အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။ အသီးကတော့ ကင်းမွန်သီးလို...
ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ ( MMSA ) on Saturday, 25 December 2010
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု