
ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည် လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။ ပညာတော်သင်များ၏ ၉၉ ရာခိုင်နှုန်းမှာလည်း အမိနိုင်ငံသို့ ပြန်လာပြီး...